cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အဖြစ်များတဲ့ ငါးအနီစက်ရောဂါ ကာကွယ်နှိမ်နင်းနည်း

. Fish Articles
အဲရောဂါကျလာပြီဆိုရင်တော့ အနီစက်တွေတွေ့ရတာ၊ လှုပ်ရှားမှုနှေးလာတာ၊ အစာ စားနည်းလာတာ၊ ဆူးတောင်တွေမဖြန့်တော့တာ၊ ကူးခက်တာ ပုံသဏ္ဍာန်မမှန် တော့တာတွေ ဖြစ်တက်ပါတယ်။
  • ငါးအနီစက်ရောဂါဟာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။ Hemorrhagic Septicemia ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ခန္တာကိုယ်၊ ဆူး တောင်နဲ့ ပါးဟပ်တွေမှာ အနီစက်တွေ တွေ့ရတတ်ပါတယ်။ အရမ်းဆိုးရွားရင် ကိုယ်အတွင်း သွေးယိုစိမ့်သလိုမျိုး မြင်ရတတ််ပါတယ်။  

    ရောဂါလက္ခဏာ 

    အဲရောဂါကျလာပြီဆိုရင်တော့ အနီစက်တွေတွေ့ရတာ၊ လှုပ်ရှားမှုနှေးလာတာ၊ အစာ စားနည်းလာတာ၊ ဆူးတောင်တွေမဖြန့်တော့တာ၊ ကူးခက်တာ ပုံသဏ္ဍာန်မမှန် တော့တာတွေ ဖြစ်တက်ပါတယ်။ 

    ဖြစ်စေတဲ့အကြောင်းအရင်း 

    အနီစက်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ 

    (၁) ရေအရည်သွေးညံ့ခြင်း၊ ရေထဲမှာ အမိုးနီးယား၊ နိုက်ထရိုက်နဲ့ နိုက်ထရိတ် တွေများနေခြင်း 

    (၂) စိတ်ဖိစီးမှုများခြင်း၊ ခုခံအားစနစ်ကျဆင်းနေခြင်း 

    (၃) ရောဂါရှိတဲ့ငါးကို ကန်ထဲထည့်သွင်းမိခြင်း 

    (၄) အစာကို မှန်ကန်ပြည့်စုံတဲ့ အနေအထားနဲ့ လုံလုံလောက်မစားသုံးရခြင်း၊ အာဟာရမစုံခြင်း 

    ကာကွယ်ကုသခြင်း 

    ငါးအနီစက်ရောဂါ မဖြစ်အောင်နဲ့ ဖြစ်လာရင်ကုသလို့အောင် အောက်ပါအချက်တွေ လုပ်ဆောင်ပေးသင့်ပါတယ်- 

    ၁။ ပဋိဇီဝဆေးဝါးများအသုံးပြုခြင်း 

    ၂။ ဆားသုံးခြင်း 

    ၃။ ဆေးဝါးများအသုံးပြုခြင်း (ဥပမာ- တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးခြင်း) 

    ၄။ ကန်ကို သန့်စင်ပေးခြင်း 

    ၅။ ရောဂါကျနေတဲ့ငါးတွေကို သီးသန့်ထားရှိခြင်း 

    ၆။ အာဟာစုံတဲ့အစာကို လုံလုံလောက်ကျွေးခြင်း 

    ၇။ ရေအရည်အသွေးကောင်းအောင်လုပ်ခြင်း 

    ၈။ ပြွတ်သိပ်မနေအောင်ထားခြင်း 

    ၉။ ရေအပူချိန်ထိန်းပေးခြင်း 

    ၁၀။ အစာအလွန်အကျွံကျွေးတာကို ရှောင်ရှားခြင်း 

    Source: https:// www.davidsaquariumadvice.com/treat-red-spot-disease-in-fish/ 

    ထွက်တိုး


  • article
likes
8
comments
0
views
2406