cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဖြုတ်ညိုပိုး ကာကွယ်နှိမ်နင်းနည်း (၅) နည်း

. Pests Management
ဖြုတ်လောင်နာများသည် အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။
  • ဖြုတ်ညိုပိုး၏ လက္ခဏာများ

    - ပျိုးခင်း(သို့မဟုတ်) ရွှေ့ပြောင်းစိုက်ပြီးသည့် စပါးပင်၏ ပင်စည်နှင့် ရေမျက်နှာပြင်ပေါ်တွင် ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ နေ့စဉ်စစ်ဆေးပါ

    - ပင်ပွားထွက်ချိန်တွင် စပါးပင်စည် လှုပ်ရမ်းပေးတဲ့အခါ ရေမျက်နှာပြင်ပေါ်ကို ဖြုတ်ညိုပိုး ကျရောက်မှုရှိမရှိ စစ်ဆေးပါ။

    ဖျက်ဆီးမှုလက္ခဏာ

    - ပိုးကျထားသော စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်သို့ ပြောင်းသွားကာ တဖြေးဖြေး ခြောက်သွားပါသည်။

    - ဤသည်မှာ ဖြုတ်ညိုပိုးကြောင့် ဖြစ်ပွားသော ဖြုတ်လောင်နာများ ဖြစ်ပါသည်။

    - ဖြုတ်လောင်နာများသည် အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။

    - ပိုး၏ စစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုများကို ပိုးကျထားသော နေရာ၏ အောက်ခြေနားတွင် တွေ့ရတတ်ပါသည်။

    ဖြုတ်ညိုပိုးအား ကာကွယ်နှိမ်နှင်းခြင်း

    - ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့် လွှမ်းပေးခြင်းဖြင့် ဖြုတ်ညိုများအား လျှော့နည်းသွားစေပါသည်။

    - ပိုးကျမှု ဆိုးဝါးလာသည့် အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။

    - ဖြုတ်ညိုပိုး၏ သဘာဝရန်သူများဖြစ်သော ပင့်ကူ၊ ရေနေကျိုင်း၊ လိပ်ခုံးကျိုင်း စသည်တို့သည် ဖြုတ်ညိုပိုးများကို သတ်ဖြတ် စားသောက်လေ့ ရှိကြပါသည်။

    - တစ်ဧကလျှင် မီးထောင်ခြောက် (၂) ခုကို ဖြုတ်ညို ကျရောက်သည့် စပါးခင်းတွင် ညဘက်၌ အသုံးပြုပါ (ဥပမာ- လျှပ်စစ်မီးသီး သို့မဟုတ် ကီရိုဆင်း မီးအိမ်များကို ရေဇလားပေါ်တွင် တပ်ဆင် အသုံးပြုပေးပါ)

    - စပါးပင်များအား ဖြုတ်ညိုပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။

    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ပိုင်မီသရိုဇိုင်း ၄၅% + နီတန်ဖီရမ် ၁၅% ဒဗလျူဒီဂျီ စားပွဲတင်ဇွန်း (၁)ဇွန်း

    ၂။ တစ်ဧကလျှင် ဒိုင်နိုတီဖျူရမ် ၂၀% စားပွဲတင်ဇွန်း ၄-၅ ဇွန်းအသုံးပြုနိုင်ပါတယ်။

    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် Fenobucarb 45% + Cypermethrin 5% စားပွဲတင်ဇွန်း ၄-၅ ဇွန်း အသုံးပြုနိုင်ပါတယ်။

    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (ဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ) (တိုင်းတာရန်အတွက် ချိန်တွယ်ခွက် သို့မဟုတ် ဆေးထိုးအပ်များကို အသုံးပြုနိုင်ပါသည်)။

    Source: Htwet Toe Content

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
18
comments
1
views
3421