ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ ၂၅ရက်နေ့တွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ - မိုးရေထိမခံနိုင်သော မြို့ပြအဆောက်အဦး အိမ်ယာများ၊ အုတ်လုပ်ငန်း လုပ်နေသူများ၊ ပဲရိတ်သိမ်းနေသူများ မိုးကြောင့်ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်စီစဥ်ဆောင်ရွက်ကြပါလို့ အကြံပြုလိုက်ပါတယ်။ - ISSUED TIME - 20/02/2025 6:37pm(MMT) - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ကန်ဖော်နေသည့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် ငါးများ အနာသက်သာစေရန် မနက်ခင်း နေအေးချိန်တွင် ဆောင်ရွက်သင့်ပါကြောင်း၊ - - ကန်ရေအရောင်ဟာ မည်းနောက်နောက်ဖြစ်နေပါက နေ့ခင်းတွင် ကန်ရေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို ထုတ်ပစ်ပြီး ညအချိန်ရောက်မှသာ ပြန်ထည့်ပေးရန်၊ - - ကန်ရေမျက်နှာပြင်တွင် ရေညှိများပေါက်ရောက်တဲ့ ကာလဖြစ်တဲ့အတွက် ကန်သန့်ရှင်းရေး ဆောင်ရွက်ပေးရန်၊ - - အချို့ကန်များတွင် ကန်ရေအရောင်များ အရမ်းဖျော့နေတတ်ပါက NPK မြေဩဇာကို ၁၀၀၀ ကုဗစ်မီတာတွင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထည့်ပေးရန်နဲ့ အဆိုပါပမာဏကို ၂ ရက်မှ ၃ ရက်အထိထည့် ပေးရန်၊ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
