cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်"

. Market Analysis
မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတန်းအနည်းငယ် တက်ရိပ်ပြလာပြီး အမြင့်ဆုံး တစ်တန်ကို ၂၉၇၈၀၀၀ ကျပ်အထိ ရှိလာပါတယ်။
  • (၁၇. ၂ . ၂၀၂၅ မှ ၂၁. ၂. ၂၀၂၅)

    နှမ်း

    နှမ်းမျိုးစုံစျေးကွက်မှာ နှမ်းနက်က စျေးတက်လာပြီး နှမ်းဖြူက စျေးကျကာ နှမ်းညိုကတော့ စျေးငြိမ်နေပါတယ်။

    မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားအဝယ်သာပုံမှန်ရှိတာကြောင့် စျေးကျသွားပါတယ်။ နှမ်းညိုကတော့ အရောင်းအဝယ်အေးပေမယ့် အသစ်အဝင်နည်းတဲ့အတွက်စျေးငြိမ်နေတာပါ။ နှမ်းနက်စမုံက ဆောင်းနှမ်း အဝင်နည်းသလို လက်ကျန်နှမ်းလည်းနည်းတာကြောင့် စျေးတက်ရိပ်ပြလာပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ၄၅ ပိဿာကို ၃၂၀၀၀၀ကျပ်မှ ၃၃၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ နှမ်းညိုက ၃၀၀၀၀၀ ကျပ် ရှိပါတယ်။ နှမ်းနက်စမုံ အက်ဆစ်လွတ်နှမ်းမှာ ၇၃၀၀၀၀ မှ ၇၃၅၀၀၀ ကျပ်စျေး ပေါက်ပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ပဲတီးစိမ်းဝါးခယ်မ တစ်မျိုးသာ စျေးတက်လာပြီး ကျန်တဲ့ ခရမ်း ရွှေဝါပဲတီစိမ်း၊ ပဲခူးရွှေဝါပဲတီစိမ်းနဲ့ ပဲတီစိမ်း(အညာ)က စျေးငြိမ်နေပါတယ်။

    ပဲတီစိမ်းက စျေးငြိမ်နေပေမယ့် တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးကွက်ကောင်းပြီး အရောင်းအဝယ်လည်း သွက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့စျေးငြိမ်နေပြီး ပဲတီစိမ်း အညာကလည်း အရင်အပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာစျေးငြိမ်နေပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်စျေးပေါက်ပြီး ၁၇၀ ကျပ်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

    ပဲပုတ်

    ပဲပုတ်( မြန်မာ )က စျေးကျသွားပြီး ပဲပုတ်(ရှမ်း)က စျေးငြိမ်နေပါတယ်။ ပဲပုတ်(မြန်မာ)က လက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားသာ အဝယ်ပုံမှန် ရှိလို့ စျေးကျရိပ်ပြလာပါတယ်။

    ပဲပုတ်(ရှမ်း)ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့်စျေးငြိမ်နေပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲပုတ် မြန်မာက ၂၈၈၀၀၀ ကျပ်ရှိပြီး ပဲပုတ်ရှမ်းက ၃၃၀၀၀၀ ကျပ်ရှိ နေပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတန်းအနည်းငယ် တက်ရိပ်ပြလာပြီး အမြင့်ဆုံး တစ်တန်ကို ၂၉၇၈၀၀၀ ကျပ်အထိ ရှိလာပါတယ်။

    မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့် အပေါ်သက်တမ်း ထပ်မတိုးသေးတာကြောင့် စျေးကွက်မတက်ဘဲ အေးနေတာဖြစ်ပါတယ်။ စျေးအေးနေပေမယ့် ပဲ အသစ်တွေ အရောင်းအဝယ်ကောင်းနေပြီး ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုများနေပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၃၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၂၉၃၃၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ကျပ် ၊ ကြာသပတေးနေ့မှာ ၂၉၆၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၇၈၀၀၀ ကျပ်ရှိပါတယ်။ ခုတပတ်မှာ ၄၀၀၀၀ ကျော်လောက် အတက်ပြ လာပါတယ်။

    မန္တလေးစျေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ ကို ၂၆၅၀၀၀ မှ ၂၇၃၀၀၀ ကျပ်ရှိပါတယ်။

    ပဲစဥ်းငုံ

    ပဲစဥ်းငုံကတော့ ဒီတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက် လာပါတယ်။

    အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပဲမျိုးစုံ ဆွေးနွေးပွဲအပြီးမှာ ခုလို ပြည်တွင်း ပဲစင်းငုံဈေး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော် အထိ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ ဆောင်းပဲစဥ်းငုံအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုရှိပြီး သိုလှောင်မယ့်သူတွေနဲ့ ပဲခွဲစက်တွေက အဝယ်ရှိနေတယ်လို့ သိရပါတယ်။

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့က ပဲစဥ်းငုံနီ တစ်တန် ကို ၂၉၇၀၀၀၀

    ကျပ်၊အင်္ဂါနေ့မှာ ၃၀၂၅၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၃၀၀၀၀ ကျပ်၊ ကြာသပတေး နေ့က ၃၀၅၅၀၀၀ကျပ်၊ သောကြာနေ့မှာ ၃၀၆၈၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁ သိန်းကျပ် လောက်တက်လာပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၁၅၀၀၀၀ ကျပ် လောက်တက်လာပါတယ်။

    မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီက ပိဿာ ၆၀ တစ်အိတ်ကို ၂၈၇၀၀၀ မှ ၂၈၈၀၀၀ ကျပ်ရှိပါတယ်။

    (AMIA)

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
9
comments
0
views
2267