cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တောင်သူစိုက်ခင်းထဲကပြဿနာတွေကို လေ့လာကြမယ်

. Diseases
ယခုဖော်ပြပေးထားတဲ့အကြောင်းအရာများကတော့ တောင်သူဘက်ကမေးထားတဲ့က ကြက်သွန်ခင်းမှာ ရောဂါကျနေတဲ့ ပြဿနာတွေကို ထွက်တိုးစိုက်ပျိုးရေးပညာရှင်များက ပြန်လည်ဖြေကြားပေးထားတာဖြစ်ပါတယ်။
  • ဒီတစ်ပတ်မှာတော့ နယ်ပယ်အသီးသီးက တောင်သူတွေရဲ့ စိုက်ခင်းထဲမှာ အမှန်တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မျှဝေဆွေးနွေးပေးသွားပါမယ်။

    ၁။ ကြက်သွန်ခင်းခေါင်းပုတ်ကျနေလို့ဘာဆေးကောင်းလဲညွှန်းပေးပါဗျာ။

    အဖြေ။ မြေကြီးက အစိုဓာတ်မရှိဘူးနော်၊ အဖျားခြောက်တဲ့လက္ခဏာလည်းတွေ့ရတယ်။ ဆွဲနုတ်ကြည့်လိုက်တဲ့အခါမှာ ခေါင်းကပျော့ပြီးပုပ်နေတာလား၊ မှိုစွဲပြီးပုပ်နေတာလား၊ ဘာဆေးတွေဖျန်းထားပြီးပြီလဲ တစ်ချက်လောက်ဖြေထားပေးပါ။ အသေးစိတ်မေးမြန်းဖို့လည်းဖုန်းခေါ်ထားပါတယ်။ စိုက်ခင်းအတွင်း ရေအစိုဓာတ်အများကြီးမပေးပါနဲ့၊ ပင်ခြေကိုရေမဝပ်အောင်အဓိကလုပ်ပေးပါ။ ဆေးကို လက်ရှိဖျန်းထားတဲ့ဆေးတွေနဲ့ အနည်းဆုံး ၃ရက်ခွာပြီးမှ Copper oxychloride, Kasugamycin ကိုအဓိကဖျန်းပေးပါ။ နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့။ ဈေးကွက်ထဲမှာ ကျူပရိုမက်စ်၊ ကာဆူဂါ နာမည်နဲ့ရှာနိုင်ပါတယ်။

    ၂။ ကြက်သွန်ဖြူ ဘာဖြစ်တာလဲဗျ ရှင်းပြပေးပါအူး ဆရာတို့ ဆေးလဲ ညွှန်းပေးပါအူးဗျ အပေါ်ရွက်တွေက ကောင်းပီး အောက်ရွက် တွေဘဲ ဖြစ်တာ ပုပ်သလိုလို အနံ့ရှိတရ်ဗျ

    ဖြေ။ဘက်တီးရီးယားပျော့ပုပ်လက္ခဏာဖြစ်ပါတယ်။ ရေအစိုဓာတ်အများကြီးမပေးပါနဲ့၊ ပင်ခြေကိုရေမဝပ်အောင်အဓိကလုပ်ပေးပါ။ ဆေးကို လက်ရှိဖျန်းထားတဲ့ဆေးတွေနဲ့ အနည်းဆုံး ၃ရက်ခွာပြီးမှ Copper oxychloride , Kasugamycin ကိုအဓိကဖျန်းပေးပါ။ နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံမသုံးပါနဲ့၊ ကော့ပါးဆေးဖျန်းပြီး ၃ ရက်ကြာရင် oxolinic acid ကိုနောက်တစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ "လင်းနစ်၊ ကာဆူဂါ၊ ကျူပရိုမက်စ်" နာမည်တွေနဲ့ရှာကြည့်နိုင်ပါတယ်။

    ၃။ ကြက်သွန်မှာ ဘာရောဂါကျနေလဲဗျ ကူညီပါအုံး အရွက်ဝါပြီး လိမ်နေလို့ပါ

    ဖြေ။ ကြက်သွန်ဒေါင်းနီးရွက်ခြောက်လက္ခဏာပါ၊ ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေရင် ရောဂါဖြစ်ပွားမှု ပိုပြင်းထန်စေပါတယ်။ မြေဆောင်၊မျိုးစေ့ဆောင်ရောဂါဖြစ်လို့ ရောဂါကင်းတဲ့မျိုးကိုရွေးချယ်စိုက်ဖို့နဲ့ စိုက်ခင်းသန့်ရှင်းရေးက အလွန်အရေးကြီးပါတယ်။ ရေအများကြီးမသွင်းပါနဲ့၊ နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေး အလွန်အကျွံမသုံးပါနဲ့။ အရင်ဆုံးဘာဆေးတွေဖျန်းထားပြီးပြီလဲ ဖြေပေးပါ၊ မဖျန်းရသေးရင် Mefenoxam (သို့မဟုတ်) Metalaxy + Mancozeb ကို 20+10 နှုန်းထားနဲ့ဖျန်းပေးပါ။

    ၄။ကြက်သွန်နီပျိုးပင်ကို မှိုသတ်ဆေးစိမ်ပြီး စိုက်လို့ရပါသလားခင်ဗျာ။ ဘယ်မှိုသတ်ဆေးနဲ့ စိမ်လို့ ရပါသလဲခင်‌ဗျာ။ဖြေ။ Fludioxonil သုံးလို့ရပါတယ်၊ စိမ်ရာမှာ ၁၅-၂၀ မိနစ်ခန့်စိမ်နိုင်ပါတယ်။ ပြီးရင် အရိပ်ထဲမှာ လေသလပ်ခံပြီးမှ ပြောင်းရွှေ့စိုက်ပါ။ ဈေးကွက်ထဲမှာ ဝိစာရကထုတ်တာဆိုရင် "ထရိုင်ဂိန်း" နာမည်နဲ့ရှိပါတယ်။

    ၅။ထွက်တိုးရှင့် ကြက်သွန်ပင်လေး လှေးပိုးကပ်နေလို့ ဆေးနည်းလေးပြောပြပေးပါအုံးရှင့်

    ဖြေ။ လှေးက အပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေမှာပွားများနှုန်းမြန်ပါတယ်။ စိုက်ခင်းအစိုဓာတ်ချိန်ညှိတာမျိုးလုပ်ရပါမယ်။ ဓာတုဆေးအနေနဲ့ Spinosad, Acetamiprid + Lambda cyhalothrin, Spirotetramat စတာတွေသုံးနိုင်ပါတယ်။ဈေးကွက်ထဲမှာ ဝိစာရကထုတ်တဲ့ "သမန်းကျား"၊ ဩဘာကထုတ်တဲ့ "ဘက်တား" နာမည်နဲ့ရှာနိုင်ပါတယ်။

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
  • article
  • article
  • article
likes
14
comments
0
views
3408