ငါးမွေးကန်အတွင်း ပျော်ဝင်အောက်စီဂျင် ပြတ်ရခြင်း အကြောင်းရင်းများ
မနက်ပိုင်းတွင် ငါးမွေးကန်၏ ကန်ရေမျက်နှာပြင်တွင် ငါးများပေါ်ပြီး အသက်ရှူ ခြင်းများ တွေ့ရတတ်ပြီး ကန်ရေမျက်နှာပြင်ပေါ်တွင် နေရောင်ခြည် ကျရောက်မှသာလျှင် ငါးများ ကန်ရေမျက်နှာ ပြင်ပေါ်တွင် ပေါ်ခြင်းများ ရပ်တန့်သွားပါသည်၊
ငါးကန်အတွင်း မွေးမြူထားသော ငါးများသည် အောက်ဖော်ပြပါအချက်လေးချက်ကို ပုံမှန်ဆောင်ရွက် ကြပါသည်-
(၁) အသက်ရှူခြင်း
(၂)အစာစားခြင်း
(၃)မျိုးပွားခြင်း
(၄)အညစ်အကြေးစွန့်ခြင်း
ငါးများ အသက်ရှူနိုင်ရန်အတွက် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်သည် (5ppm) အထက်ရှိရန် လိုအပ် ပါသည်။ (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်၊။
ငါးမွေးကန်များအတွင်း ပျော်ဝင်အောက်စီဂျင်ပြည့်ဝစွာ ရရှိနိုင်ရေးသည် ငါးမွေးကန်၏ ရူပဆိုင်ရာ အောက်ပါအချက်များပေါ်တွင် မူတည်နေပါသည်။
ငါးကန်များ၏ ရေအနက်(Depth of water)
ရေ၏အပူချိန်(Water temperature)
ရေနောက်ကျိမှု(သို့)ရေကြည်နှုန်း(Turbidity or transparency)
ရေလှိုင်းလှုပ်ရှားမှု(Water movement)
ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။ အဆိုပါအခြေအနေတွင် ရေနောက်ကျိ ခြင်းမရှိပါက နေအလင်းရောင်သည် ကန်အောက်ခြေအထိဖောက်ထွင်းနိုင်ပြီး ၊ အလင်မှီ အစာချက်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါသည်။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင်လည်း အပေါ်မှ ကန်အောက်ခြေအထိ ပြန့်နှံ့ပြည့်ဝစွာ ရရှိနိုင်ပါသည်။
ကန်ရေအတွင်း အပူချိန်ရရှိမှုအပေါ်မူတည်ပြီး ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ပြတ်တောက်တတ်ပါ သည်။ ကန်ရေအပူချိန်မြင့်မားပါက ပျော်ဝင်အောက်စီဂျင်နည်းပါးပြီး၊ သုံးစွဲခြင်းများသည်ကို တွေ့ရှိရပါသည်။ ကန်ရေအပူချိန်ကျလျှင် ပျော်ဝင်အောက်စီဂျင် ကျဆင်းပြီး၊ ကန်အတွင်းအောက်စီဂျင်ပြတ်တောက်တတ်ပါ သည်။
ထို့ကြောင့် ဆောင်းရာသီ ည နက်ပိုင်း (၁၂)နာရီနောက်ပိုင်းတွင် ရာသီဥတုအေးသဖြင့် ကန်ရေအပူချိန် ကျဆင်းပြီး ကန်အတွင်း ပျော်ဝင်အောက်စီဂျင် ကျဆင်းပါသည်။ ကန်ရေအလွှာ အတိမ်အနက်လိုက်ပြီး ကန် အောက်ခြေတွင် ပျော်ဝင်အောက်စီဂျင် ပိုမိုကျဆင်းပြီး အောက်ငါးများ သေဆုံးနိုင်ပါသည်။
U San Aung
Htwet Toe
---------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price