မြေဖုံးခြင်း (Mulching)
- အပင်၏ အရိပ်စက်ဝန်း အစာစက်ဝန်းအတွင်း ထိုကဲ့သို့မြေဖုံးပေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ- - ၁။ နွေရာသီတွင် အပင်ခြေ မြေဆီလွှာတဝိုက် အစိုဓာတ်ကို ထိန်းပေးရုံမက အမြစ် နေပူလောင်ခြင်း အလင်းထိခြင်းတို့မှ ကာကွယ်ပေးသောကြောင့် အမြစ်ရှင်သန်ဖွံ့ဖြိုးမှုကို အားပေးသည်။ - ၂။ ဆောင်းရာသီကဲ့သို့ အအေးပိုင်းတွင် မြက်အစိုများ ဖုံးပေးခြင်းဖြင့် အနွေးဓာတ်ရစေသည်။ မိုးတွင်းတွင် ကောက်ရိုးကဲ့သို့ အုံပေးခြင်းဖြင့် မြေဆီလွှာရေတိုက်စားခြင်းမှ ကာကွယ်ပေးသည်။ - ၃။ ထိုကဲ့သို့ မြေဖုံးပေးခြင်းကြောင့် မြေဆီလွှာအတွင်း အဏုဇီဝရုပ်များ နိုးကြားရှင်သန်မှုကို အားပေးပြီး ထိုအဏုဇီဝရုပ်များ ပေါများလာခြင်းက အပင်မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဇီဝပိုင်း၊ ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံကို ဖြစ်ပေါ်စေသည်။ - ၄။ ထိုသို့ ရုပ်၊ဇီဝ၊ဓာတ်တို့ ဖွံ့ဖြိုးနိုးကြားခြင်းကပင် မြေဆီလွှာကို ပိုမိုကောင်းမွန်စေပြီး အမြစ်များ ပုံမှန်အားဖြင့် မစားသုံးနိုင် သေးသောအခြေအနေရှိသည့် မြေသြဇာ (အထူးသဖြင့် ဓာတ်မြေသြဇာ) များကို လွယ်ကူစွာ စားသုံးနိုင်သော အခြေအနေ သို့ ပြောင်းလဲပေးနေသည်။ - ၅။ မြေဖုံးထားခြင်းကြောင့် မြေဆီလွှာဝန်းကျင် အမှောင် ပိုမိုရရှိသဖြင့် အမြစ်သည် အလင်း၏ ဆန့်ကျင်ဘက်သို့ သွားခြင်း သဘော ရှိခြင်းကြောင့် အမြစ်၏ ကြီးထွားနှုန်း ထိုအမှောင်ဝန်းကျင်တွင် ပိုမို ရှင်သန်ကောင်းမွန်စေသည်။ - ၆။ ထိုသို့ အဏုဇီဝရုပ်များ ရှင်သန်နိုးကြား လှုပ်ရှားရာမှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အပင်၏ အလင်းဖြင့် အစာချက်ခြင်း ဖြစ်စဉ်အတွက် အထောက်အပံ့ဖြစ်စေသောကြောင့် အပင်၏ ကြီးထွားနှုန်းကို တိုးစေသည်။ - ၇။ ပုံမှန်အနေအထားတွင် တခြား မြေသြဇာမျိုးစုံ သုံးပါသော်လဲ ထိရောက်အတိုင်းအတာ နည်းပါးပြီး မြေဖုံးထားခြင်းက အမြစ်က ပုံမှန်ထက် များစွာစုပ်ယူနိုင်သောကြောင့် များစွာ အကျိုးဖြစ်ထွန်းစေသည်။ - ၈။ မြေဖုံးခြင်းသည် အပူစီးကူးထွက်သွားခြင်းကို ဟန့်တားစေသော အပူကာ (Insulation) သဘော ရှိသောကြောင့် ဝန်းကျင်ဥတုကြောင့် အလွန်အမင်း အပူအအေး မမျှတခြင်းကို ထိန်းသိမ်းထားပေးနိုင်သည်။ ထိုသို့ အလွန်အမင်း အပူအအေး မမျှတခြင်းသည် အပင်၏ ဇီဝကမ္မ ဖြစ်စဉ်ကို ထိခိုက်စေနိုင်သောကြောင့် မြေဖုံးထားခြင်းဖြင့် ထိုသို့ ဆိုးရွားမှုမှ ကာကွယ်ပေးသည်။ - ၉။ မြေဖုံးရာမှ ဆွေးမြေ့သွားသောအခါ ထွက်ပေါ်လာသော် အောက်ဇင်၊ ဂျစ်ဘရယ်လင် ဓာတ်များက အစေ့အညှောင့် ပေါက်စေခြင်း၊ အပင်များ ကြီးထွားဖွံ့ဖြိုးစေခြင်းတို့ကို အထောက်အပံ့ ဖြစ်စေသည်။ - ၁၀။ ထိုသို့ မြေဖုံးခြင်းဖြင့် ရရှိသော အကျိုးထူးတရပ်မှာ ပေါင်းပေါက်သက်သာစေခြင်းဖြစ်သည်။ မြေဖုံးခြင်းမှ ဆွေးမြေ့သောအခါ ထိုမြေဖုံးသော အရာမှပင် အပင်အတွက် အဟာရဓာတ်ကို ပေးစွမ်းသည်။ - ၁၁။ စိုက်ပျိုးရေးသမားတိုင်း နားလည်ထားသည်မှာ အပင်အပေါ်ပိုင်း မည်မျှနေပူပူ အပင်ခြေ တဝိုက် မြေဖုံးပေးခြင်းဖြင့် ထိုအပူဒဏ်ကို ခံနိုင်သည်။ နောက် အပင်များ၏ အာဟာရမှာ အပင်များပင်ဖြစ်သည် ဆိုသော အဆိုအရ အပင်များ အောက်ခြေ၌ အပင်များ ပုံထားပေးခြင်းသည် အပင်များကို အစာကျွေးခြင်းတရပ်ဖြစ်သည်။ - ကိုးကား - ဦးဖရက်သိန်းဖေ ၏ စိုက်ပျိုးရေးသယံဇာတများနှင့် အခြားစိုက်ပျိုးရေး ဆောင်းပါးများ - မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။ - #ဒါကြောင့် မိမိစပါးခင်းမှ ထွက်ရှိသည့် ကောက်ရိုးများကို မီးရှို့မည့်အစား ထိုသို့မြေဖုံးပေးခြင်းဖြင့် အကျိုးရှိရှိအသုံးချနိုင်ပါသည်။ 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
