cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Fish Articles
လက်ရှိရာသီဥတုအခြေနေအရ ခရမ်းချဉ်ပင်များတွင် ရွက်ထွင်းပိုးကျရောက်နိုင်ပါတယ်။ ရွက်ထွင်းပိုးကျရောက်ပါက-
  • မန္တလေးတိုင်းဒေသကြီးတွင် မတ်လ ၁ရက်နေ့မှ ၇ရက်နေ့အထိ ရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရရှိစေပါလိမ့်မယ်။

    Source: Su Su San

    လက်ရှိရာသီဥတုအခြေနေအရ ခရမ်းချဉ်ပင်များတွင် ရွက်ထွင်းပိုးကျရောက်နိုင်ပါတယ်။

    ရွက်ထွင်းပိုးကျရောက်ပါက-

    • ပိုးကျရောက်နေသော အပင်အစိတ်ပိုင်းများကို ဖယ်ရှားပြီး မြေထဲသို့မြုပ်ပေးပါ။

    • အပြာရောင် စေးကပ်ထောင်ခြောက် (Blue Sticky Traps) များအသုံးပြု၍ အကောင်ကြီးများကို ဖမ်းပါ။

    • တမာပိုးသတ်ဆေး အသုံးပြုပါ။

    • စိုက်ခင်းအတွင်း အစိုဓာတ်အသင့်အတင့်ရအောင်လုပ်ပေးပါ။

    • ပုလဲ(နိုက်ထရိုဂျင်)မြေသြဇာလွန်ကဲစွာအသုံးပြုမူကိုရှောင်ရှားပါ။

    • ဓာတုဆေးဝါးဖြင့် Abamatin(အဘာမက်တင်) Emamectin Benzoate(အီမာမက်တင်ဘန်ဇိုအိတ်) Indoxacarb (အင်ဒိုဇာကပ်) Flubendiamide(ဖလူဘန်ဒိုင်ယာမိုက်) Chlorantranilipole(ကလိုရန်ထရန်နီလီပရိုး) များကို သုံးစွဲပါ။

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်

    မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    • ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊

    • ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊

    • ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊

    • ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊

    • မျိုးငါးကန်များအနေဖြင့် အစာအကြွင်းအကျန်များ ကန်ခြေမစုပုံမိစေရန်၊

    • အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
1
views
2691