အရည်သောက် အုန်းသီးစျေးများ ရန်ကုန်မှာ စျေးမြင့်တက်လာ
- ယခုရက်ပိုင်း နေအပူချိန် မြင့်တက်လာသဖြင့် အရည်သောက် အုန်းသီးစျေးနှုန်းမှာ ရန်ကုန်တွင် မြင့်တက် နေကြောင်း ရောင်းချသူများနှင့် ဝယ်ယူသူများကြားမှ သိရပါတယ်။ - လွန်ခဲ့သော လပိုင်းအတွင်းက အရည်သောက်အုန်းသီးတစ်လုံးလျှင် ၂၀၀၀ ကျပ်ဝန်းကျင်ဖြင့်သာ ရောင်း ချကြခြင်းများ ရှိသော်လည်း ယခုအခါ တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်ကြားဖြင့် ရောင်းချခြင်း များလည်း ရှိလာခဲ့ပါတယ်။ - “ကျွန်တော်တို့လည်း စျေးတက်ပြီးမရောင်းချင်ပါဘူး၊ ဝယ်စျေးကိုက တက်နေလို့လိုက်တက်ရတာပါ၊ အ ရောင်းအဝယ်က ကောင်းတာမျိုးကြောင့်မဟုတ်ဘူး၊ သယ်ယူခတွေတက်နေတာကြောင့် စျေးတွေလိုက်တက် နေ တာ”ဟုလည်း အရည်သောက် အုန်းသီးများကို ဂါလီများပေါ်တင်၍ လှည့်လည်ရောင်းချသူတစ်ဦးက ဆိုပါတယ်။ - အဆိုပါ အုန်းသီးအများစုမှာ မြစ်၀ကျွန်းပေါ်ဒေသများရှိ ညောင်တုန်း၊ မအူပင်၊ ဒေးဒရဲနှင့် တွံတေး စသည့် ဒေသများမှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ပြီး ကားဖြင့်ရောက်လာခြင်းရှိသလို ရေလမ်းမှမော်တော်ဖြင့် ရောက် လာခြင်းများလည်း ရှိပါတယ်။ - အလွန်နုသည့် အရွယ်အစားများကို ကျန်းမာရေးအဖြစ် ရောင်းချလေ့ရှိပြီး အနည်းငယ်ရင့်သော အုန်းသီး များကို ဂျယ်လီအဖြစ်လည်းကောင်း၊ ဇွန်းခြစ် အဖြစ်လည်းကောင်း စသည်ဖြင့် အသီးသီးသတ်မှတ်၍ ရောင်းချ လေ့ ရှိကြပါတယ်။ - “အရည်သောက်အုန်းသီးက ဇွန်းခြစ်အနေအထားမျိုးလောက်ပဲ စားလို့ကောင်းတယ်၊ အုန်းခြံပိုင်ရှင်တွေ က တအားနုတဲ့ အုန်းသီးတွေပါ ရောထည့်လိုက်ပြီး ပို့လာတာ၊ ဒီဖက်ပြန်ရောင်းသူတွေက ကျန်းမာရေးအုန်း သီး ဆိုပြီး တအားနုတဲ့အလုံးတွေပါ ထည့်ရောင်းတယ်၊ အရမ်းနုတော့ အရည်သောက်လို့မကောင်းဘူး၊ ချဉ်သလိုလို ဖန် သလိုလို အရသာမျိုးဖြစ်နေတယ်” ဟုလည်း ကိုယ်တိုင်ကြုံရသူတစ်ဦးက ပြောပါတယ်။ - စျေးနှုန်းမြင့်ခြင်းကြောင့် ရောင်းအားကျနေပြီး ယခင်က တစ်ရက်လျှင် အနည်းဆုံး ၃၀ ခန့် ရောင်းရသော် လည်း ယခုအခါ တစ်ရက် လုံး ၂၀ ကုန်အောင်ပင် မနည်းရောင်းနေရကြောင်း အရည်သောက် အုန်းသီး ရောင်းချ နေသူတစ်ဦးကဆိုပါတယ်။ - “ဒီနေ့ဆိုရင် မနက်ကတည်းက အခုညမိုးချုပ်ချိန်အထိ ၇ လုံးပဲရောင်းရသေးတယ်၊ ဒါတောင် ရပ်ကွက် လမ်းသွယ်တွေထဲ ပတ်ပြီးလိုက်ရောင်းနေလို့ ဒီလောက်ကုန်တာ၊ အရင်ကဆိုရင် လူသွားလူလာများတဲ့ လမ်းထိပ် လိုမျိုးမှာပဲ ဂါလီကိုထိုးထားတာ အလုံး ၃၀ လောက် အေးဆေးရောင်းရတယ်ဗျာ၊ အခုက တော်တော်လေးကို အ ရောင်းအဝယ်ကျဆင်းနေတာ”ဟုလည်း ရောင်းသူတစ်ဦးကဆိုပါတယ်။ - ရန်ကုန်မြို့တွင် ကျန်းမာရေးအရအပါအဝင် အုန်းရည်သောက်သူများရှိလာပြီး အရည်သောက်အုန်းမှာ စျေးကွက်တစ်ရပ် ဖြစ်လာကြောင်း၊ အချို့မှာ နေ့စဉ်ပုံမှန်ဖောက်သည်အဖြစ် ဝယ်ယူလာခြင်းများရှိသော်လည်း နောက်ပိုင်းတွင် စျေးနှုန်းကြီးမြင့်လာမှုနှင့်အတူ အလွန်နုသည့် အုန်းသီးများကြောင့် အရည်အသွေးကျဆင်းကာ နှစ်သက်သူနည်းလာ၍ ယခင်ကပုံမှန်ဝယ်သူများမှာ ဝယ်ယူကြခြင်းမျိုးမရှိတော့ကြောင်းလည်း သိရပါတယ်။ - ထွတ်ခေါင်(ရန်ကုန်) - Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
