cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အထွက်နှုန်းကောင်းသည့် နှမ်းဖြူ(ဂျပန်)နှမ်းမျိုးကို အများဆုံးစိုက်ပျိုး

. Market News
လာမည့်နွေစပါးစိုက်ပျိုးချိန် ရေသုံးစွဲမှုနည်းပြီး စီးပွားရေး တွက်ခြေကိုက်သည့် နှမ်းမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း(ရေသွင်း) စိုက်ပျိုးမှုကို တောင်သူအများဆုံး စိုက်ပျိုးကြမည်ဖြစ်သည်။
  • လာမည့်နွေသီးနှံတွင် အထွက်နှုန်းကောင်းသည့် နှမ်းဖြူ(ဂျပန်) နှမ်းမျိုးကို အများဆုံးစိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။

    လာမည့်နွေစပါးစိုက်ပျိုးချိန် ရေသုံးစွဲမှုနည်းပြီး စီးပွားရေး တွက်ခြေကိုက်သည့် နှမ်းမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း(ရေသွင်း) စိုက်ပျိုးမှုကို တောင်သူအများဆုံး စိုက်ပျိုးကြခြင်း ဖြစ်သည်။

    လာမည့်နွေသီးနှံစိုက်ပျိုးချိန် မတ်လဆန်းပိုင်းမှ စတင် ကာ နွေသီးနှံစိုက်ပျိုးချိန် နွေစပါးစိုက်ပျိုးမှုကို လျှော့ချကာ နွေနှမ်းဂျပန်မျိုးများကိုတောင်သူ အများစုစိုက်ပျိုးရန်ပြင်ဆင် နေကြောင်း၊ နွေနှမ်း နှမ်းဖြူ(ဂျပန်)မျိုးမှာတစ်ဧက ၁၀ တင်းကျော် ထွက်ရှိကြောင်းနှင့် နှမ်းဈေးမှာ တစ်တင်းလျှင် ငွေကျပ် ၁၅၀၀၀၀ ခန့် ပေါက်ဈေးရှိသဖြင့် နွေစပါးထက် ပိုမို တွက်ခြေကိုက်ကြောင်း အမရပူမြို့နယ်၊ သာလှအေးကျေးရွာ မှ တောင်သူ ကိုရဲက ပြောသည်။

    `` ဒီနှစ်လည်း နွေစပါးအစား နှမ်းကိုပဲ စိုက်မှာပါ။ နွေနှမ်းက စပါးထက်ရေသုံးစွဲမှုနည်းပြီး စိုက်ပျိုးစရိတ်လည်း သက်သာပါတယ်။နွေနှမ်းမှာ ဂျပန်မျိုးကို စိုက်တာက တစ်ဧက နှမ်း ၁၀ တင်းကျော် ထွက်ပါတယ်။ လက်ရှိ ပေါက်ဈေးနဲ့ဆို နွေစပါးစိုက်ပျိုးထားထက် ဝင်ငွေပိုကောင်း ပိုသေချာပါတယ် ´´ ဟု ၎င်းက ပြောသည်။

    မန္တလေးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက် ဒေသများတွင် နွေစပါး စိုက်ပျိုးကြသလို နွေသီးနှံအဖြစ် နွေနှမ်းနှင့် နေကြာကို အများဆုံးစိုက်ပျိုးလာကြသည်။

    နွေနှမ်းမှာ နှမ်းစိုက်ပျိုးများတွင် သေချာဆုံးမှာ ရေသွင်းနှမ်း စိုက်ပျိုးခြင်း ဖြစ်သည်။ အချို့အရပ်ဒေသများတွင် မိုးကြိုနှမ်းဟု ခေါ်ကြသည်။ ရေသွင်းနှမ်းဟုလည်း ခေါ်ကြသည်။

    နှမ်းပင်သည် ရေသွင်းစိုက်ပျိုးနိုင်လျှင် အထွက်နှုန်းကောင်းသည်။ နှမ်းစိုက်ဒေသအများစုသည် မိုးရေကိုမျှော်ကိုးစိုက်ပျိုးရသဖြင့် မိုးရွာမှု ပုံမှန်မဖြစ်လျှင် နှမ်းထွက်နည်းရခြင်း ဖြစ်သည်။

    နွေနှမ်းသည် အလင်းရောင် လုံလောက်စွာရရှိပြီး နှမ်းပင်ရေ လိုအပ်ချိန်၌ ရေသွင်းပေးသဖြင့် နှမ်းထွက်နှုန်းကောင်းခြင်း ဖြစ်သည်။ မိုးစိုက်၊ ဆောင်းစိုက်ထက် နှမ်းပိုထွက်သည်။ နွေနှမ်းတွင် စနစ်တကျ ရေသွင်းပေးလိုသည်။ နှမ်းပင်အခြေ ရေမဝပ်စေရန် စိမ့်ရေဖြင့် ရေရရှိ အောင် ရေပေးမြောင်းဖြင့် ရေသွင်းပေးရကြောင်း သိရသည်။

    ရွှေမန်း

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
11
comments
0
views
1281