cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်မှဲ့ပြောက်စွန်းရောဂါ (Anthracnose of Chilli)

. Diseases
ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။
  • ငရုတ်မှာ ကျရောက်တဲ့ မှဲ့ပြောက်စွန်းရောဂါက မှိုကြောင့်ဖြစ်ပြီး အထွက်နှုန်းကို ကျဆင်းစေရုံမက ငရုတ်သီးရဲ့အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။

    ရောဂါလက္ခဏာ - - -

    ငရုတ်ပွင့်များညှိုးနွမ်းငိုက်ကျလာပြီး တဖြည်းဖြည်းခြောက်လာကာ ကြွေကျပါမယ်။

    ငရုတ်ကိုင်းတွေက ထိပ်ဖြားမှစ၍ ခြောက်လာပြီးတော့ ကိုင်းဆုံကိုင်းခွအထိ ခြောက်သွားပါမယ်။

    အသီးတောင့်ပေါ်မှာ စက်ဝိုင်းပုံစံ ချိုင့်နေတဲ့ အနာကွက်လေးတွေဖြစ်ပေါ်လာမယ်၊ နောက်ပိုင်း အနာကွက်က တဖြည်းဖြည်းနဲ့ ကြီးလာပါမယ်။ အသီးတောင့်တွေ ပုပ်မယ်၊ ပင်စည်နဲ့ အရွက်ပေါ်မှာ အညိုပုတ်ရောင် အနားသတ်ပါသော ပုံစံမမှန်တဲ့ အညိုရောင် အစက်ပြောက်လေးတွေလည်း တွေ့ရတတ်ပါတယ်။

    ကာကွယ်နှိမ်နင်းနည်း -

    🌶️ မှိုရောဂါအများစုက စိုထိုင်းသော ပတ်ဝန်းကျင်ကို နှစ်သက်တဲ့အတွက် ငရုတ်ပင်များကို စိုက်ပျိုးတဲ့အခါ ရေမဝပ်စေရန် နဲ့ ရေ (သွင်း) မများစေရန် ဂရုစိုက်ပါ။

    🌶️ ရောဂါရပင်ကြွင်းပင်ကျန်များကို စုပုံ၍မီးရှို့ပါ။

    🌶️ မှဲ့ပြောက်စွန်းရောဂါဖြစ်စေသော သက်ရှိမှိုက မြေကြီးထဲမှာ နှစ်ပေါင်းများစွာ အသက်ရှင်ပြီး ခိုအောင်းနေနိုင်တဲ့အတွက် - ရောဂါကျရောက်ထားသော အကွက် (အခင်း) အား တခြားသီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပါ။

    🌶️ရောဂါကျရောက်လေ့ရှိပါက ငရုတ်ပန်းမပွင့်မီ တစ်ကြိမ်နှင့် သီးကင်းစဝင်ချိန်တွင် တစ်ကြိမ် မှိုသတ်ဆေးပက်ဖျန်းရန်လိုပါတယ်။

    ရောဂါကျရောက်လာပြီဆိုရင်တော့ အောက်ပါမှိုသတ်ဆေးများကို ပက်ဖျန်းအသုံးပြုပါ။

    🌶️ Chlorothalonil (ကလိုရိုသာလိုနေး)

    🌶️ Mancozeb(မန်ကိုဇက်)

    🌶️ Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း)

    🌶️ Azoxystrobin (အဇိုဆီစထရိုဘင်) စတဲ့ ဆေးအဆိပ်များပါဝင်တဲ့ မှိုသတ်ဆေးတစ်ခုခုကို အသုံးပြုနိုင်ပါတယ်။

    Sources - http://www.worldofchillies.com/…/chilli…/chillidiseases.html, Daw cho cho htay, စိုက်ပျိုးရေးဦးစီးဌာန

    --------------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
9
comments
0
views
2329