ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- စပါးတွင်ကျရောက်လျက်ရှိသော ဂုတ်ကျိုး၊ ရွက်ညိုပြောက်ရောဂါများအတွက် ကာကွယ်နှိမ်နင်းနည်းများကို ဆွေးနွေးအကြံပြုပေးလိုက်ပါတယ်။ - Details - ပဲခူးတိုင်း ၂၀၂၅ မတ်လ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရတော့ဘဲ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း (Dropsy disease) ရောဂါများ ကျရောက်တတ်ပါသည်။ ငါးများ၏ဝမ်းဗိုက်သည် ကြီးထွားဖောင်ပွနေပြီး ပူဘောင်းကဲ့သို့ဖြစ်နေပါသည်။ ငါး၏ ဝမ်းဗိုက်အတွင်း အစိမ်းရောင် (သို့မဟုတ်) စိမ်းဝါရောင် အရည် များစုဝေးနေပြီး ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူနိုင်ပါ၊ အစာလည်း မစားနိုင်ပါ။ ဘူရိုမိုးနပ်နှင့် အေရိုမိုးနပ်ရောဂါပိုးကြောင့် ဖြစ်ပါသည်။ - ကာကွယ်ကုသနည်းမှာ- - တစ်ဧကလျှင် ထုံး ပိဿာ (၃၀)ထည့်ပေးပါ။
- သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
- အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့် ရပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
 - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
