cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အသီးအရည်သွေးပေါ် မှုတည်ပြီး အရောင်းဝယ် လုပ်နေရသည့် ဖရဲစျေးကွက်

. Market News
ပြည်တွင်း၌ ဖရဲအထွက်နှုန်း လျော့ကျနေပြီး တရုတ်သို့ ကား အဝင်နည်းနေသော်လည်း စျေးရရှိမှုမှာ ထင်သလောက်မရသေးကြောင်း ပွဲရုံများက ဆိုသည်။
  • မြန်မာနိုင်ငံ မှထွက်ရှိသည့် ဖရဲသီးများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ အသီးအရည်သွေးပေါ် မှုတည်ပြီး စျေးသတ်မှတ် အရောင်းအဝယ်လုပ်နေရကြောင်း သစ်သီးပွဲရုံများထံမှ သိရပါသည်။

    လက်ရှိ အချိုဓါတ်ပိုလျှင်ဈေးပိုရအနေအထားဖြစ်ပြီး အမဲစက် အစက်ပြောက်ပါလာပါက ဈေးမရသည့်အပြင် အရောင်းအဝယ်လဲမရှိကြောင်း ကုန်သည်များက ဆိုသည်။ 

    “ မြန်မာနိုင်ငံကနေ တရုတ်နယ်စပ်ကို ရောက်ဖို့ ၄ ညအိပ်၊ ၅ ရက်ကြာတယ်ဆိုတော့ အရည်အသွေးကတော့ ကျတယ်။ တချို့ နိုင်ငံတွေ နဲ့ယှဉ်ရင်တော့ စျေးနှိမ်ခံရတယ်၊ ထင်သလောက်စျေးမရသေးဘူး။ “ ဟု ဖရဲကုန်သည်တစ်ဦးက ပြောသည်။

    လက်ရှိပုံမှန်အများဈေးအနေဖြင့် ယွမ် ၃၃၀၀၀ မှ ၃၇၀၀၀ကြား စျေးရရှိပြီး အရည်သွေး ကောင်းပါက အမြင့်ဆုံးစျေး ယွမ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

    ပြည်တွင်း၌ ဖရဲအထွက်နှုန်း လျော့ကျနေပြီး တရုတ်သို့ ကား အဝင်နည်းနေသော်လည်း စျေးရရှိမှုမှာ ထင်သလောက်မရသေးကြောင်း ပွဲရုံများက ဆိုသည်။ 

    “ ဒီနှစ်က တချို့နယ်မြေတွေ မအေးချမ်းတော့ စိုက်ဧကလဲ ထပ်ဝက်လျော့ကျတယ်။ အထွက်လဲ နည်းတယ်။ ဖရဲ ကားလဲ အရင်နှစ်လောက် မရှိဘူး။ ဒါပေမယ့် ထင်သလောက် စျေးမရသေးဘူး။ စျေးတော့ စောင့်ကြည့်နေရတယ်။” ဟု ဖရဲ ပွဲရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောထားသည်။ 

    လက်ရှိ တရုတ်ကို ဖရဲတင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေပြီး တင်ပို့သည့်ကားခမှာ ကျပ်သိန်း၂၄၀ ကျော်အထိ ပေါက်စျေးရှိကြောင်းလည်း သိရသည်။ 

    ယခုနှစ် ဖရဲ သီးစိုက်ပျိုးစရိတ်နှင့် ဖရဲ တင်ပို့ရာတွင် ကုန်ကျစရိတ် ပိုမိုများသည့်အတွက် စျေးတန်းတခုရမှသာ တွက်ခြေကိုက်မည် ဖြစ်ကြောင်း သိရသည်။ ဖရဲသီးအား ရှမ်းပြည်မြောက်ပိုင်း ၊ မန္တလေး ၊ စစ်ကိုင်း စသည်တို့တွင် အဓိက စိုက်ပြီး တိုင်း နှင့်ပြည်နယ် တော်တော်များများတွင် စိုက်ပျိုးလျက်ရှိသည်။

    မူဆယ်နယ်စပ်ကနေ တဆင့် တရုတ်နိုင်ငံသို့ ဖရဲတင်ပို့မှု နှစ်စဉ်တန်ချိန် ၈ သိန်း ပတ်ချာလည်တွင် ရှိကြောင်းသိရသည်။ 

    ဖိုးချဲ(AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
1
views
2341