ရွှေပဲသီး စိုက်ပျိုးနည်း
- ရွှေပဲသီးကို ရာသီမရွေးစိုက်ပျိုးနိုင်ပေမယ့် မိုးရာသီကုန်ဆုံးတဲ့အချိန်သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စိုက်ပျိုးရင် ပိုပြီးတော့ကောင်းပါတယ်။ - စိုက်ပျိုးနည်း - -------------- - အရှည် ၃ပေ၊အကျယ် ၁ပေခွဲရှိတဲ့ ကျင်းတွေကို ၁ပေခန့်အနက်ရအောင် တူးရပါမယ်။ ပြီးရင်မြေဆွေးနဲ့ အပေါ်ယံမြေသားဆတူရောပြီးထည့်ပေးရပါမယ်။ ကျင်းအလယ်မှာ (၄-၅)စေ့ခန့်ကို (၄)လက်မအနက်မှာချပြီး မြေပြန်ဖုံးထားရပါမယ်။ ပြီးရင် နေ့တိုင်းရေမှန်မှန်လောင်းပေးရပါမယ်။ - အပင်ပြုစုစောင့်ရှောက်ခြင်း - -------------------------------- - အပင်ငယ်တွေ (၁)ပေခန့်မြင့်ရင် စင်ထိုးပြီး အပင်တွေတွယ်တက်ဖို့တိုင်တွေ ခပ်ကျဲကျဲထောင်ပေးရပါမယ်။ (၁)လတစ်ကြိမ် နှမ်းဖတ်ပုပ် နို့ဆီဗူး ၂ဗူး ဒါမှမဟုတ် သာကူစေ့မြေသြဇာတွေကို နို့ဆီဗူးဝက်ခန့်ထည့်ပေးသင့်ပါတယ်။ - ဆွတ်ခူးချိန် - -------------- - ဆောင်းရာသီမှာစိုက်ပျိုးတဲ့ အပင်တွေဟာ ရက်ပေါင်း ၉၀မှာ စတင်ပြီးတော့ အသီးသီးပါတယ်။ (၄၅)ရက်လောက် ဆက်တိုက်သီးပါတယ်။ နွေရာသီမှာ စိုက်ပျိုးတဲ့အပင်မှာ အသီးလှီကင်းပါတယ်။ တစ်ပတ်ကို ၅ပိဿာခန့်ခူးဆွတ်နိုင်ပါတယ်။ - မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
