cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးမွေးကန်များ ငါးဖမ်းဆီးပြီးနောက် ဆောင်ရွက်သင့်သောအချက်များ

. Fish Articles
ကန်အတွင်းမှ ဖမ်းဆီးရမိသော ငါးမျိုးစုံသည် ငါးမျိုးစိတ်အလိုက် သတ်မှတ်ဈေးများ ရရှိကြပါသည်။
  •           ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် တစ်ကန်လုံး ငါးဖမ်းခြင်းနှင့် တစ်ဝက်တစ်ပျက်ငါးဖမ်း ခြင်း ကိုဆောင်ရွက်ကြပါသည်။ နွေရာသီ မရောက်မှီ ယခုလပိုင်းများတွင် စားသုံးသူများလိုအပ်ချက်အရ၊ ငါးဈေး ကောင်းသဖြင့် ငါးဖမ်းရောင်းချသူများလည်း ရှိကြပါသည်။

               ကန်အတွင်းမှ ဖမ်းဆီးရမိသော ငါးမျိုးစုံသည် ငါးမျိုးစိတ်အလိုက် သတ်မှတ်ဈေးများ ရရှိကြပါသည်။ သို့ သော် ငါးထုတ်ဖော်ရောင်းချချိန်တွင် မိမိထုတ်ကုန်များ အရည်အသွေးမကောင်းခြင်း (တနည်းအားဖြင့် မျက်မြင် တွင် အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်း)တို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။

               ထို့ကြောင့် ငါးဖမ်းဆီးပြီးနောက် စီမံခန့်ခွဲရာတွင် အရေးကြီးသော အချက်များဖြင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

    ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ကြာစွာ ဖမ်းဆီးပါက၊ ငါးများထိခိုက်မှု ရှိနိုင်ပါသည်။ အချိန်ပါက ပိုက် အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။

    ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးများ၊ ခြင်းတောင်းများဖြင့် သယ်ယူကြပါသည်။ သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။

    ၃။ငါးများစုပုံထားမည့်နေရာတွင် ဖုံကင်းစေရန်နှင့် သန့်ရှင်းစေရန်လိုအပ်ပါသည်။ အနီးအနားတွင် ညစ်ပေသော အရာများ ရှင်းထားသင့်ပါသည်။

    ၄။ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။

    ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ ရေခဲရိုက်ရာတွင် ခရီးအကွာအဝေးအလိုက် ရေခဲကို အသုံးပြုရမည့်အချိုးသည် အရေးကြီးပါသည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။ ငါးနှင့် ရေခဲ အချိုးကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

    ငါးနှင့် ရေခဲအချိုး ရေခဲပျော်ရန် ကြာချိန်

      ၁ : ၁   ၁၇  နာရီ

       ၁ : ၄   ၆  နာရီ

      ၁ : ၆     ၅ နာရီ

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနဲ့ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
9
comments
0
views
2547