တရုတ်အပါအဝင် ပြည်ပနိုင်ငံများသို့ ၁၀ လအတွင်း ငါးမျိုးစုံတန်ချိန် ၃ သိန်းကျော်တင်ပိုခဲ့
အဆိုပါ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ငါးမျိုးစုံတန်ချိန် ၁၄၆၄၀၀ ကျော်၊ နယ်စပ် ကုန်သွယ် ရေး လမ်းကြောင်းမှတစ်ဆင့် ငါးမျိုးစုံတန်ချိန် ၁၇၃၇၀၀ ကျော် အပါအဝင် စုစုပေါင်း ငါးမျိုးစုံတန်ချိန် ၃၂၀၀၀၀ ကျော်တင်ပို့ခဲ့ရပြီး ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄၂ သန်း ဝင်ငွေရရှိခဲ့ကြောင်း သိရပါတယ်။
ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင် ငါးသလောက်၊ ငါးမြစ်ချင်း၊ ငါးခူနှင့် ကကတစ် စသည်တို့အပါအဝင် ငါးမျိုးစိတ် ၂၀ ကျော်ကို အဓိကတင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ငါးမျိုးစုံအပါအဝင်မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ထံသို့ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
အောင်အောင်
Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။
---------------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price