cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. Market Analysis
ပြည်ပတင်ပို့နေတဲ့ ဧည့်မထ၊ ငစိန် ဆန်ကြမ်းအုပ်စုဝင်ဆန်တွေနဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်အမျိုးအစားတွေ စျေးကျလာတာဖြစ်ပါတယ်။
  • (၃. ၃. ၂၀၂၅ မှ ၇.၃ ၂၀၂၅)

    ဆန်၊စပါး

    ဆန်၊ စပါးစျေးကွက်ကတော့ စျေးကျနေဆဲ ဖြစ်ပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဧည့်မထ၊ ငစိန် ဆန်ကြမ်းအုပ်စုဝင်ဆန်တွေနဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်အမျိုးအစားတွေ စျေးကျလာတာဖြစ်ပါတယ်။ ဆန် ၂၄ ပြည်တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အကြား စျေးကျလာတာဖြစ်ပါတယ်။

    ကျန်တဲ့ မကွေးတိုင်းက ထွက်တဲ့ ဧရာပဒေသာ၊ ဧရာမင်း နဲ့ စစ်ကိုင်းထွက်ရွှေဘိုပေါ်ဆန်း ဆန် အမျိုးအစားတွေကတော့ စျေးကျတာမရှိပါဘူး။

    စပါးစျေးကလည်း ယခုနှစ်မိုးစပါးအသစ်က တင်း ၁၀၀ ကို သိန်း ၂၀ ကျပ်အောက်အထိ စျေးကျနေပါတယ်။ နွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၃ သိန်းခွဲကနေ ၁၅ သိန်း ၅၀၀၀၀ လောက်အထိသာ ရှိနေတယ်လို့သိရပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ကျပ် သိန်း ၃၀ ကျော်အထိ ဈေးတန်းတက်လာပါတယ်။

    အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ မတ်ပဲ တင်သွင်းခွင့်က မတ်လကုန်ရင် သက်တမ်းကုန်မှာဖြစ်လို့ ကုန်သည်တွေကအခြေအနေကို စောင့်ကြည့်ပြီး မတ်ပဲဝယ်ယူနေကြပါတယ်။

    မတ်ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုများနေလို့ စျေးကွက်အေးနေတာဖြစ်ပါတယ်။ 

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၄၇၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၅၇၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၄၈၀၀၀ ကျပ်ရှိပါတယ်။ တစ်တန်ကို ၄၀၀၀၀ ကျော်လောက် ထပ်အတက်ပြလာပါတယ်။

    မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၇၀၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပါတယ်။

    ပဲစဉ်းငုံ

    ပဲစဉ်းငုံကလည်း အခုအပတ်မှာ  ဈေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ တစ်တန်ကို အမြင့်ဆုံး ၃၀၅၅၀၀၀ ကျပ်အထိရှိခဲ့တာဖြစ်ပါတယ်။

    ပဲစဉ်းငုံကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတဲ့အတွက် စျေးတန်းက ဒီထက်အများကြီးကျဆင်းနိုင်မယ့် အခြေအနေတော့ မရှိနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ 

    ပြည်တွင်းမှာတော့ လှောင်လက်သမားတွေအဝယ်ရှိလို့ အရောင်းအဝယ်သွက်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၅၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၃၃၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်း ၅၀၀၀၀ ကျပ်လောက် အတက်အကျရှိခဲ့ပါတယ်။

    အရင်အပတ်သောကြာဈေးနဲ့ အခုအပတ်သောကြာနေ့ဈေးကွက် ယှဉ်ရင် ၄၀၀၀၀ လောက် တက်လာပါတယ်။ 

    မန္တလေးဈေးကွက်မှာ ပဲစဉ်းငုံနီက ပိဿာ ၆၀ ကို၂၈၅၀၀၀ မှ ၂၈၆၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်တက်လာပါတယ်။

    ခရမ်းချဥ်

    ခရမ်းချဥ်သီးကတော့ စျေးဆက်တိုက် ကျလာပြီး လက်ကားစျေးကွက်မှာတင် တစ်ပိဿာကို ၁၀၀၀ ကျပ်သာရှိပါတယ်။

    ရှမ်းပြည်နယ်အပြင် အခြားဒေသတွေမှာပါ ခရမ်းချဥ်သီးတွေ အထွက်များပြီး စျေးကွက်ထဲ ဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းနေတာဖြစ်ပါတယ်။

    ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးအသေး တစ်ပိဿာကို ၆၀၀ ကျပ်သာရှိပါတယ်။

    ဂျင်း

    ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စျေးမတက်ဘဲ အကျစျေးမှာဘဲ ငြိမ်နေပါတယ်။

    လက်ရှိမှာ ဂျင်းတက်က ပြည်တွင်း စားသုံးမှုသာရှိပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက မြေနီဂျင်းအကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းမြေနီအခက်အလတ် တစ်ပိဿာကို ၂၅၀၀ ကျပ် စျေးရှိပါတယ်။

    (AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
1
views
2075