cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ချဉ်ချဉ်ချိုချိုအရသာရှိတဲ့ မရမ်းသီးလေးကပေးတဲ့ ကျန်းမာရေး

. Health Articles
မရမ်းသီးက အရသာလေးတင် ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အခုလိုအကျိုးကျေးဇူးလေးတွေ ပေးပါသေးတယ်။
  • မရမ်းသီးက အရသာလေးတင် ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အခုလိုအကျိုးကျေးဇူးလေးတွေ ပေးပါသေးတယ်။

    အရေပြား ကျန်းမာစေတယ်

    မရမ်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကော်လာဂျင်တစ်ရှူးတွေကို အာဟာရဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် အသားအရေကို ကြည်လင်ကျန်းမာစေနိုင်ပါတယ်။

    နောက်တစ်ချက်က အသားအရေစိုပြေနေစေဖို့ ရေဓာတ်ဖြည့်ပေးတာပါ။ ကြည်လင်ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မရမ်းသီးလေး စားပေးလို့ရပါတယ်။

    အနာကျက်စေနိုင်တယ်

    မရမ်းသီးမှာ ပရိုတင်းနဲ့ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပါတယ်။ ကော်လာဂျင်ထွက်ရှိအောင် အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒိလိုလုပ်ဆောင်ပေးမှုကပဲ အနာကျက်မြန်စေဖို့ အကောင်းဆုံး ထောက်ကူပေးတာပါ။

    ကင်ဆာ ကာကွယ်ပေးနိုင်တယ်

    မရမ်းသီးမှာ ရေဓာတ် နဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေမှုက အစာခြေစနစ်ကို ကျန်းမာစေသလို အူနံရံတွေကို အာဟာရစုပ်ယူမှုကောင်းစေပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ် တွေကို အကောင်းဆုံးစုပ်ယူပြိး ဝမ်းမှန်စေတာ နဲ့ အမျှင်ဓာတ်ကြွယ်ဝမှုတွေက အစာခြေစနစ်တလျှောက်မှာဖြစ်နိုင်တဲ့ ကင်ဆာတွေမဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

    သွေးလည်ပတ်မှု ကောင်းစေနိုင်တယ်

    ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုကောင်းစေဖို့အတွက် ရေဓာတ်ကြွယ်ဝဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သွေးစီးဆင်းမှုကောင်းဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့က မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် ကိုယ်တွင်းမှာ သွေးလည်ပတ်မှုကောင်းစေဖို့ဆိုရင် ရေများများသောက်ဖို့လိုပါမယ်။

    ဦးနှောက်စွမ်းဆောင်ရည် ကောင်းစေတယ်

    ဦးနှောက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ဦးနှောက်က သူ့ရဲ့လုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ဆိုရင် ရေဓာတ်ပြည့်ဝဖို့က မဖြစ်မနေလိုအပ်ပါမယ်။ ဒီပြဿနာပြေလည်ဖို့ဆိုရင် ရေဓာတ်ပြည့်ဝတဲ့ မရမ်းသီးလေးစားပေးလို့ရပါတယ်။

    ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

    ရေဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ရေက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးသလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံးစွန့်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက နှလုံးရောဂါ၊ ကင်ဆာ၊ ဆီးချို၊ လေဖြတ်တာ နဲ့ အခြားကျန်းမာရေးပြဿနာတွေ မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    မရမ်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝမှုကပဲ နှလုံးလေးကို အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ပါတယ်။ တစ်နေ့တာမှာ အမျှင်ဓာတ် ၂၆ ဂရမ်စားသုံးပေးတာက နှလုံး ရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာချင်တယ်ဆိုရင် အမျှင်ဓာတ်များများစားဖို့ လိုပါမယ်။

    အဆုတ် ကျန်းမာစေနိုင်တယ်

    အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေနည်းတူ အဆုတ်တွေကလည်း ရေလုံလောက်စွာရရှိဖိုပလိုပါမယ်။ အကြောင်းကတော့ အဆုတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ မရမ်းသီးမှာပါတဲ့ အာဟာရဓာတ်တွေက အဆုတ်တွေကို ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် အဆုတ်ကျန်းမာချင်တယ်ဆိုရင် မရမ်းသီးစားပေးပါ။

    အမြင်အာရုံ ကျန်းမာစေနိုင်တယ်

    ဘီတာကယ်လ်ရိုတင်းပါဝင်နေမှုက မျက်လုံး နဲ့ အမြင်အာရုံကျန်းမာစေဖို့ မရမ်းသီးကို စားပေးသင့်တယ်ဆိုတဲ့ အကြောင်းအရင်းပါ။ ဒါကြောင့် အမြင်အာရုံကျန်းမာစေဖို့ဆိုရင် မရမ်းသီးစားပေးလို့ရပါတယ်။

    ဝိတ်ကျစေနိုင်တယ်

    အမျှင်ဓာတ်ပါတယ်ဆိုမှ တော့ အဆာခံနိုင်စေပြီး ဝိတ်ကျစေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ ဒါကြောင့် ဝိတ်ကျချင်တယ်ဆိုရင် မရမ်းသီးလေး စားပေးလို့ရပါတယ်။

    သံဓာတ်စုပ်ယူမှု ကောင်းစေတယ်

    သံဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ သံဓာတ်ချို့တဲ့မယ်ဆိုရင် သွေးအားနည်းရောဂါဖြစ်စေနိုင်သလို အာရုံစူးစိုက်ရခက်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်က သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ကိုယ်တွင်းမှာ သွေးပမာဏတိုးစေနိုင်တာကြောင့် ကျန်းမာနေစေမှာပါ။ မရမ်းသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုကပဲ သံဓာတ်စုပ်ယူမှုကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။

    ရေဓာတ်ပြည့်ဝစေနိုင်တယ်

    ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့က ရေဓာတ်ပြည့်ဝဖို့ပါ။ မရမ်းသီးက ရေဓာတ်ပြည့်ဝတဲ့ အသီးတစ်မျိုးဆိုတော့ ဘာလို ဦးမလဲ။

    ဝမ်းမှန်စေနိုင်တယ်

    မရမ်းသီးက အစာခြေစနစ်အတွက် အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ ရေဓာတ်ရော အမျှင်ဓာတ်ပါ ကြွယ်ဝနေမှတော့ အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။

    ဘာတွေ သတိထားရမလဲ

    မရမ်းသီးက ကျန်းမာရေးအကျိုးကျေးဇူးရှိတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးမို့လို့ သင့်တော်သလောက်ပဲ စားကြဖို့ အကြံပေးချင်ပါတယ်။

    Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

    --------------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
7
comments
0
views
1448