ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁၂ရက်နေ့မှ ၁၉ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ - Weather Source: Su Su San - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - စပါးအနှံထွက်အကုန်မစုံခင်ဖြုတ်ပိုးကျပါက Buprofezin + Dinotefuran ကိုရွေးချယ်ပါ။
- ထိုသို့မဟုတ်ဘဲ စပါးရင့်မှည့်ချိန်ရောက်ပြီး သိမ်းခါနီးဆိုပါက ဆေးဖျန်းရန်မလိုတော့ပါ။
- အနှံထွက်မစုံသေးသောစိုက်ခင်းမြေဩဇာထပ်မံကြဲပက်လိုပါက ပိုတက်ရှ်မြေဩဇာ (K) ကို တစ်ကြိမ်ထပ်မံလိုက်ပေးနိုင်ပါတယ်။
- ရိတ်သိမ်းတော့မည့်စိုက်ခင်းများအနေဖြင့် မရိတ်သိမ်းခင် ၃-၄ ရက်ကြိုတင်ပြီး ရေဖြတ်ထားနိုင်ပါတယ်။
- ရိတ်သိမ်းချိန်အနေဖြင့် အနှံထွက်ပြီး ၂၈ ရက်မှ ၃၅ ရက်သား၊ စပါးနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင် ရိတ်သိမ်းရန် အကြံပြုလိုက်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးသင့်လဲဆိုတာကို အကြံပြု ဆွေးနွေးလိုပါတယ်ခင်ဗျာ- - ငါးကန်တွေမှာ ဆားကို သုံးရတဲ့အကြောင်းအရင်းမှာ - ငါးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
- အဆိပ်အတောက် ဖယ်ရှားခြင်း၊
- ကပ်ပါးပိုးတွေ သေစေခြင်း
- နိုက်ထရိုက်အဆိပ်အတောက်ကို လျော့ချပေးခြင်း
- ငါးရဲ့အရေပြားမှ အကျိအချွဲထုတ်လုပ်မှုကောင်းစေခြင်း
- ရေမှာ ကြာရှည်စွာပျော်ဝင်တည်ရှိနေနိုင်ခြင်း
- ကန်ရေသန့်တဲ့စနစ်အပေါ် ထိခိုက်မှုမရှိခြင်း
 - ငါးကန်တွင် ဆားအသုံးပြုနည်းနဲ့ပတ်သတ်ပြီး အကြံဉာဏ် ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
