cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်မှာ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးရပ် အထက်အထိ မြင့်တက်လာနိုင်

. Weather News
မတ်လ ၁၀ ရက်မှ ၁၄ ရက်နေ့အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းတွေမှာ အမြင့်ဆုံးအပူချိန် ၄၀ဒီဂရီဆဲလ်စီးရပ် အထက်အထိ မြင့်တက်လာနိုင်ကြောင်း
  • မတ်လ ၁၀ ရက်မှ ၁၄ ရက်နေ့အတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းမြောက်ပိုင်းတွေမှာ အမြင့်ဆုံးအပူချိန် ၄၀ဒီဂရီဆဲလ်စီးရပ် အထက်အထိ မြင့်တက်လာနိုင်ကြောင်း Meteoblue ရဲ့ NEMS(Global)model forecast မှာ တွေ့ရတယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ပြောကြားထားပါတယ်။

    ဦးဝင်းနိုင်က “ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်း တပ်ဆင်ထားတဲ့ GSM Weather Station တွေက ရရှိတဲ့ real-time data တွေမှာတော့ ခံစားရတဲ့ အပူချိန်(Temperature Felt)က ၄၃ ဒီဂရီဆဲလ်စီးရပ် အထိ မြင့်တက်လာခဲ့ပြီး အပူချိန်တိုင်း sensor တွေက ရရှိတဲ့ အပူချိန်ကတော့ အမြင့်ဆုံး ၃၉ ဒီဂရီဆဲလ်စီးရပ် အထိရှိကြောင်း တွေ့ရပါတယ်”လို့ ပြောကြားထားပါတယ်။

    မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေရဲ့ အမြင့်ဆုံးအပူချိန်ကတော့ ၄၀ ဒီဂရီဆဲလ်စီးရပ် အောက်မှာသာဆက်လက်ရှိနေနိုင်ပြီး အနိမ့်ဆုံးအပူချိန်က ၂၀ ဒီဂရီဆဲလ်စီးရပ် အောက်မှာ ဆက်လက်ရှိနေနိုင် တာကြောင့် စိုထိုင်းဆမြင့်တက်လာတဲ့ အချိန်(နေ့လည်နေ့ခင်းပိုင်းမှ ညနေပိုင်းကူးပြောင်းချိန်တွေ)မှာ ခံစားရတဲ့ အပူချိန်မြင့်တက်လာနိုင်တာကို သတိထားဆင်ခြင်နိုင်ရန်လည်း သူက အသိပေးထားပါတယ်။

    ထို့အတူ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဆန်းခိုင် ကလည်း မတ် ၁၀ ရက်နေ့ ကျော်ပါက အညာနွေ ပူဦးမှာဖြစ်ပြီး မြေပြင်အနီးအပူချိန်သည် မန္တလေးတွင် ၄၅ / ၄၆ ဒီဂရီဆဲလ်စီးရပ်၊ စစ်ကိုင်းတွင် ၄၂ ဒီ ဒီဂရီဆဲလ်စီးရပ် ၊ မကွေးတွင် ၄၂/၄၃ ဒီဂရီဆဲလ်စီးရပ်၊ ရခိုင်တွင် ၄၃/ ၄၄ ဒီဂရီဆဲလ်စီးရပ်၊ နေပြည်တော် နှင့် ပဲခူး တို့တွင် ၄၀/၄၁ ဒီဂရီဆဲလ်စီးရပ်၊ ဧရာဝတီ ၊ ရန်ကုန် ၊ မွန် နှင့် ကရင် တို့တွင် ၄၁/ ၄၂ ဒီဂရီဆဲလ်စီးရပ်ဖြင့် ရှိနိုင်မယ်လို့ သုံးသပ်ပြောကြားထားပါတယ်။

    သူက “အပူချိန်မြင့်သလို ခရမ်းလွန်‌ရောင်ခြည်မြင့်သဖြင့် နေကာမျက်မှန် တပ်ပါ ၊ အရိပ်ခိုပါ၊ ရေဓာတ်ပြည့်ဝပါ၊ မျက်ခမ်းစပ်ရောဂါနှင့် မျက်လုံးအတွင်းတိမ်သည် အညာဒေသတွင် အဖြစ်များသဖြင့် ဂရုစိုက်ပါ”လို့ လည်း ပြောကြားထားပါတယ်။

    MFN

    ရန်ကုန်။ ၂၀၂၅၊ မတ် ၁၀ ရက်

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    photo - internet

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
13
comments
0
views
1236