cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“နေကြာ(ဆောင်း)ရိတ်သိမ်းမှုနှင့်စျေးနှုန်းအခြေအနေ”

. Market News
ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊
  • မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၂၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၆၂၇)ဧက၊ စုစုပေါင်း(၂၈၀၃၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင်(၄၈၇၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၄၀၂၀)ဧက၊ မြစ်သားမြို့နယ်တွင်(၃၃၇၅)ဧက၊ စုစုပေါင်း(၁၂၂၇၁)ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ နေကြာ(ဆောင်း)စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ် ကုန်ကြကြောင်း၊ ယခုအချိန်တွင် နေကြာ(ဆောင်း)များ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၂၀-၂၅) တင်းခန့်ထွက်ရှိကြောင်း၊ နေကြာစျေးနှုန်းများအနေဖြင့် ယခင်နှစ်နေကြာ တစ်တင်းလျှင်( ၃၈၀၀၀) ကျပ်နေကြာဆီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ ယခုအချိန်တွင် နေကြာ(‌ဆောင်း)များ ရိတ်သိမ်းနေပြီဖြစ်ပါသည် ။ တောင်သူများမှ နေကြာများကို မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၇၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်မြတ်ကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီးကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက်လည်းစားသုံးဆီ ဖူလုံမှုရရှိသဖြင့်တောင်သူများ သီးထပ်သီးညှပ်အပြင် နေကြာသီးသန့်အနေဖြင့်ပါ အများအပြားစိုက်ပျိုးသင့်သော စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။


    DOCA(မန္တလေး)

    Source: စားသုံးသူရေးရာ ဦးစီးဌာန

    ----------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
1612