cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“ပဲချဉ်ပေါင်စျေးနှုန်းစျေးကွက်အခြေအနေ”

. All News
ယခင်နှစ် ပဲချဉ်ပေါင် ပေါ်ချိန်စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလက်ရှိ ကျောက်ဆည်ပွဲရုံများတွင် ဖြစ်ပေါ်နေသော ပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့ တစ်တင်းလျှင် (၄၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊
  • မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင်(၁)တင်းခန့် ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၅၀၀၀-၇၀၀၀၀-)ကျပ် စျေးနှုန်းပေးရကြောင်း၊ နိုဝင်ဘာလ တွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲချဉ်ပေါင်‌စေ့(၈-၁၀)တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန် သောကြောင့် (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ် ပဲချဉ်ပေါင် ပေါ်ချိန်စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလက်ရှိ ကျောက်ဆည်ပွဲရုံများတွင် ဖြစ်ပေါ်နေသော ပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့ တစ်တင်းလျှင် (၄၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲချဉ်ပေါင်စေ့ ကိုကြိတ်ခွဲပြီး ရရှိလာသောပဲချဉ်ပေါင်ဆံကို ချက်ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း စားသုံးကြပါသည် ။ စျေးကွက်အတွင်း၌ ပဲချဉ်ပေါင်ဆံ တစ်ပြည်လျှင်(၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀-၂၅၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ (၁)ဧကအကျိုး အမြတ်အနေဖြင့်(၃၀၀၀၀၀/-) ကျပ်ဝန်းကျင် ရရှိခဲ့ကြောင်း ၊ ပဲချဉ်ပေါင် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

    DOCA(မန္တလေး)

    ---------


  • article
likes
4
comments
0
views
2336