cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

. Health Articles
ကူးစက်ရောဂါ ဗိုင်းရပ်စ်ပိုးမွှားအန္တရာယ် ဖြစ်စေနိုင်သည်ကို ကျန်းမာရေးအသိအမြင်ရှိသူတိုင်း သိထားကြပြီးဖြစ်သည်။
  • မိမိတို့ ပတ်ဝန်းကျင်တွင်ရှိနေသော အများသုံးပစ္စည်းများဖြစ်ကြသည့် မီးခလုတ်များ၊ တံခါးလက်ကိုင်ဖုများ၊ ဓာတ်လှေကားအတွင်း၊ အပြင် ခလုတ်များ၊ ကွန်ပျူတာလက်ကွက်များ၊ လှေကားလက်တန်း(လက်ရန်း) များ၊ တီဗွီရီမုတ် (TV Remote)များ၊ ရေခဲသေတ္တာ တံခါးလက်ကိုင်များနှင့် ငွေကြေးစက္ကူများ စသည်တို့မှ ကူးစက်ရောဂါ ဗိုင်းရပ်စ်ပိုးမွှားအန္တရာယ် ဖြစ်စေနိုင်သည်ကို ကျန်းမာရေးအသိအမြင်ရှိသူတိုင်း သိထားကြပြီးဖြစ်သည်။

    လက်ကိုင်ဖုန်းထက်က ပိုးမွှားအန္တရာယ်

    သို့သော် “သတိမမူ ဂူမမြင်" ဆိုသကဲ့သို့ မိမိနှင့် လက်ပွန်းတတီးတွင်ရှိနေသော လက်ကိုင်ဖုန်းထက်က ပိုးမွှား အန္တရာယ်ကိုလူတိုင်းနီးပါး သတိမထားမိတတ်ကြပေ။ ကျန်းမာရေးသုတေသီများ၏ လေ့လာဆန်းစစ်မှု မှတ်တမ်းများအရ လက်ကိုင်ဖုန်း(ဟန်းဖုန်း) နှင့် တယ်လီဖုန်းများပေါ်ရှိ ဘက်တီးရီးယားပိုးမွှားများသည် မိလ’ာထိုင်ခုံထက် ၁၈ ဆမျှပိုကြကြောင်း တွေ့ရှိရသည်။ ထို့ကြောင့်မကြာခဏလက်ဆေးခြင်းအပြင် လက်ကိုင်ဖုန်းကို မကြာခဏ သန့်ရှင်းရေးလုပ်ခြင်းကလည်းပိုးမွှားများနှင့်ထိတွေ့နိုင်မှုအလားအလာကို လျှော့ချပေးနိုင်ပါလိမ့်မည်။ ယနေ့ခေတ်အခါတွင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းသုံးစွဲလာကြပြီးမိမိ၏ တစ်နေ့တာကာလအတွင်း နံနက်အိပ်ရာထချိန်မှသည် ညအိပ်ရာဝင်သည်အထိ(ပထမဦးဆုံးနှင့် နောက်ဆုံး) တွေ့ထိရသော အရာဝတ္ထုပစ္စည်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တစ်ခုလုံး၏ အညစ်ပေဆုံးနေရာသည် လက်ဖဝါးဖြစ်သည်။ ထိုအခါ မိမိလက်နှင့်ထိတွေ့မှု အများဆုံးဖြစ်သည့် သင့်ဖုန်းတွင် ဘက်တီးရီးယားများ ပေါက်ဖွားရှင်သန်နေကြသည်။

    ဖုန်းမျက်နှာပြင်မှ စေးကပ်မှုနှင့် အခြား အော်ဂဲနစ်ပစ္စည်းများ၏ ဘေးပယောဂကြောင့်အပြင် ဖုန်း၏ပူနွေးမှုကြောင့်လည်း ပိုးမွှားများပေါက်ဖွားရန် လွယ်ကူသည်။ ထို့ကြောင့် ဖုန်းတစ်လုံးတွင် မိလ’ာထိုင်ခုံထက် ပိုးမွှား ၁၈ဆမျှပိုမိုကြောင်းကို သုတေသီများက သတိပေးအကြံပြုထားရခြင်းဖြစ်သည်။ ယနေ့ ကမ္ဘာကို ခြောက်လှန့်နေသော လတ်တလောအသက်ရှူလမ်းကြောင်းကူးစက်ရောဂါ COVID-19 ဖြစ်ပေါ်နေချိန်၌ ဖုန်းသန့်ရှင်းမှုကို လျစ်လျူမရှုသင့်ပေ။ ၎င်းဗိုင်းရပ်စ်သည် သတ္တု၊ ဖန်သားပြင်၊မှန်နှင့် ကြြွေပားများပေါ်တွင် ရှင်သန်နေနိုင်ပြီး မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဇုန်ဒေသတွင် ပျမ်းမျှ သုံးရက်ခန့်ရှင်သန်နေနိုင်သည်။အလူမီနီယံပေါ်၌ ထို့ထက်အတန်ငယ်လျော့ပါး သက်တမ်းရှိနိုင်သည်ဟုလည်း သုတေသီများက သုံးသပ်ထားကြသည်။

    လက်ကိုင်ဖုန်းသန့်စင်နည်း

    သင့်ကျန်းမာရေးအတွက် လက်ကိုင်ဖုန်းကို သန့်ရှင်းရေး လုပ်ဖို့လိုပါပြီ။ လက်သန့်စင်ဆေးရည် (Hand Sanit- izer) သည်အယ်လ်ကိုဟောလ် ၇၀ ရာခိုင်နှုန်း (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်နေသဖြင့် ပိုးမွှားကိုသုတ်သင်ရန် အကောင်းဆုံးဆေးရည်ဖြစ်သည်။ သို့သော် အယ်လ်ကို ဟောလ်ဓာတ်က ဖုန်းမျက်နှာပြင်ပေါ်မှ ဆီကျခြင်း၊ ရေစိုခြင်းတို့ကို ခံနိုင်ရည်ရှိအောင်သာ လုပ်ထားသော အကာအကွယ် Coating (အကြည်လွှာ) ကို တိုက်စားသွားနိုင်သော အန္တရာယ်ရှိသည်။ ထို့ကြောင့် အယ်လ်ကိုဟောလ်ပါသော ဆေးရည်တစ်ဆနှင့် ရေတစ်ဆရောကာ (ဆေးရည်နှင့်ရေ ဆတူရော၍) နူးညံ့သောအဝတ်တွင်ဆွတ်၍ ဖုန်းကိုသန့်ရှင်းရေးလုပ်ခြင်းသည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုးသတ်ရန်ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ နောက်တစ်နည်းမှာ Phone Soap ac: Device တစ်ခုရှိပြီး ၎င်းင်းမှာ ဖုန်းကိုအားသွင်းထားစဉ် ခရမ်းလွန်ရောင်ခြည်သုံး၍ ဖုန်းကိုပိုးသတ်ပေးသောပစ္စည်းဖြစ်သည်။

    (သို့သော် ၎င်းင်းပစ္စည်းသည် အထက်တွင်ဖော်ပြထားသောနည်းထက် ငွေကြေးကုန်ကျမှုများသည်) သို့ပါ၍ ယခုလို အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ COVID-19 အခြေအနေတွင် လူထူထပ်သောနေရာများသို့ မဖြစ်မနေသွားရသောအခါ Mask (ပါးစပ်နှင့် နှာခေါင်းစည်း) တပ်ထားခြင်း၊ မကြာခဏလက်ဆေးခြင်း၊ အိပ်ရေး၀၀အိပ်စက်ခြင်း၊ တစ်ကိုယ်ရေသန့်စင်ခြင်း၊ အာဟာရတန်ဖိုးမြင့် အစားအစာများ စားသုံးခြင်း စသည်ဖြင့် မလုံလောက်နိုင်သေးဘဲ လက်ကိုင်ဖုန်းများကိုလည်းသန့်စင်ပေးကြစေလိုပါကြောင်း အကြံပြုလိုက်ရပါသည်။

    ပေါက်ပေါက်

    မြန်မာတောင်သူကြီးများ ဂျာနယ်

    ✦✦✦✦✦✦✦✦✦✦✦✦✦✦✦


  • article
likes
16
comments
0
views
1593