cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

တမာ ဆေးဖက်ဝင်သော်လည်း အရေးကြီးတဲ့ သတိထားစရာတချို့

. Health Articles
အညာဓလေ့ မြန်မာဓလေ့ ဆိုရင် တမာပင်တွေကို မေ့ထားလို့မရပါဘူး။ တမာချဉ် အညွန့်အဖူးလေးတွေ က မြန်မာတွေ နှစ်သက်တဲ့ ငါးပိရည်နဲ့ အတွဲအဖက် တို့စရာတစ်ခုပါပဲ။
  • တမာက အရွက်တင် စားလို့ရတာမဟုတ်ဘဲ ကိုင်းရဲ့အရိုးကိုလည်း ဆေးဖော်စပ်တဲ့အထဲ ထည့်တတ်ကြသလို သွားနဲ့ခံတွင်းအတွက် ကောင်းလို့ ဟိုးယခင်ကတည်းက တမာကိုင်းနဲ့ သွားတိုက်တာလည်း ရှိပါတယ်။ 

    ဒီလောက်ထိကို တမာရွက်ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ 

    (၁) ကိုယ်အလေးချိန် ကျစေနိုင်တယ် 

    တမာပွင့်တွေက ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆီတွေကို ဖြိုခွင်းကာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ကိုရဖို့ အားပေးကူမှာ ဖြစ်ပါတယ်။ 

    (၂) သွေးတွင်းသကြားဓာတ် ထိန်းနိုင်တယ် 

    တမာရွက်က insulin receptor ရဲ့ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် သွေးကြောတွေကို ချဲ့ပေးနိုင်လို့ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ 

    (၃) ကင်ဆာကုသမှုကို အထောက်အကူပေးတယ် 

    တမာရွက်မှာပါတဲ့ Glyco-protein (NLGP) ပရိုတင်းက အကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမှုကို ဟန့်တားပေးပါတယ်။ 

    (၄) မှိုပိုး ကုသနိုင်တယ် 

    ခြေဖနောင့်ကွဲတာ၊ သန် ကောင်ပိုးဝင်တာနဲ့ တခြား မှိုပိုး ကူးစက်ခံရတာတွေ ဖြစ်ဖူးပါသလား။ တမာရွက်က nimbidol နဲ့ gedunin ပါဝင်မှုကြောင့် မှိုပိုးတွေကို သေစေပါတယ်။ 

    (၅) သန်းသေစေတယ် 

    တမာရွက်ဟာ ခေါင်းမှာ သန်းတွယ်ရင်လည်း သန်းကိုသေစေဖို့ အသုံးဝင်ပါသေးတယ်။ တမာရွက်အစိမ်းကို အနည်းငယ်ထောင်းပြီး ရတဲ့အရည်နဲ့ ဆံသားကို လျှော် လို့ရပါတယ်တဲ့။ 

    (၆) ခြင်ဆေးအဖြစ် သုံးနိုင်တယ် 

    တမာဆီနဲ့ အုန်းဆီကို ဆတူရောပြီး အရေပြားမှာ လိမ်းပေးရင် ခြင်မကိုက်ပါဘူးတဲ့။ 

    (၇) အရေပြားပြဿနာ ကုသနိုင်တယ် 

    အသားအရောင် မညီတာ၊ အသားခြောက်တာနဲ့ တခြား အရေပြားပိုးဝင်ခြင်းပြဿနာတွေအတွက် တမာရွက်က ဖြေရှင်းပေးနိုင်ပါတယ်။ ဘက်တီးရီးယားသေစေပြီး မှိုပိုးကို နှိမ်နင်းနိုင်စွမ်းရှိတာကြောင့် ယားယံတာတွေကို သက်သာစေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ 

    ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေတဲ့အပြင် သဘာဝ moisturizer နဲ့ toner အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ 

    (၈) ခံတွင်းပြဿနာတွေ ကာကွယ်နိုင်တယ် 

    အိန္ဒိယကျေးလက်မှာဆို သွားတိုက်ဆေးနဲ့ သွားပွတ်တံအစား တမာ ကိုင်းကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ 

    ပိုးသေစေတဲ့အာနိ သင်ကြောင့် သွားဖုံးရောဂါ၊ သွားကိုက်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ ပါးစပ်အနာဖြစ်ခြင်းတွေ အတွက် အသုံးဝင်လှပါတယ်။ သွားတွေ ဖြူစင် လှပစေဖို့လည်း သဘာဝဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ 

    (၉) ဝမ်းကိုက်ခြင်းကို ကုသနိုင်တယ် 

    တမာရွက်က ပဋိဇီဝဆေးဖက်ဝင် အာနိသင်ကြောင့် amoebiasis ပိုးဝင်တဲ့ ဝမ်းကိုက်ရောဂါကို ကုသနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်ခဲ့ရင် တမာရွက်အဆီအနှစ်ကို ဗိုက်မှာလိမ်းပေးရင် အူရောင်ခြင်း နဲ့ ဗိုက်အောင့်ခြင်းကို သက်သာ စေနိုင်ပါတယ်။ 

    သတိထားဖို့ အရေးကြီးတဲ့အချက် 

    တမာကို စားမယ်၊ အရည်ကြိတ်သောက်မယ်၊ ပြုတ်သောက်မယ်ဆိုရင် အရွယ်ရောက်ပြီးသူတွေအတွက် ခဏတာတော့ ဘေးကင်းနိုင်ပါတယ်။ ကလေးတွေကို မတိုက်ကျွေးသင့်ဘူးလို့ ပညာရှင်တွေက သတိပေးထားပါတယ်။ 

    တမာကို ပမာဏ များများ၊ အချိန်ကြာကြာ စွဲမသောက်သင့်ပါဘူး။ ကိုယ်ခံအားကိုတော့ တိုးစေနိုင်ပေမယ့် ကိုယ်ခံအားပြန်လည်တိုက်ခိုက်တဲ့ autoimmune ရောဂါတွေ (ဥပမာ- လေးဖက်နာ အဆစ်ရောင်ရောဂါ) ရှိသူတွေအတွက် သတိထားဖို့အရေးကြီးပါတယ်။ 

    ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုတုံ့ပြန်မှုတွေလည်း ရှိလာနိုင်တာမို့ သတိထားသင့်ပါတယ်။ 

    ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ အန္တရာယ်ရှိတာမို့ ကိုယ်ဝန်ရှိသူတွေ တမာဆေးဝါး၊ တမာကြိတ်ရည်၊ တမာပြုတ်ရည်ကို မသောက်သုံးသင့်ပါဘူး။ 

    တမာက ဆီးချိုကိုကျစေနိုင်တယ် ဆိုတာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ပမာဏများများကို မစားသင့်၊ မသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်တဲ့ ဆီးချိုကျဆေးတွေနဲ့ ပေါင်းမိရင် သွေးတွင်းသကြား. 

    ဓာတ်ကျဆင်းမှု လွန်ကဲနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ 

    တမာကို စားသုံးမှု လွန်ကဲရင် ကျောက်ကပ်နဲ့ အသည်းကို ပျက်စီးစေနိုင်တယ်၊ သုက်ပိုးအရေအတွက် လျော့နည်းစေနိုင်တယ်လို့လည်း သိရပါတယ်။ 

    ကျန်းမာရေး page မှ ကူးယူ၍ ပြန်လည်မျှဝေပေးအပ်ပါသည်။ 

    'ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
17
comments
0
views
3035