ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁၁ ရက်နေ့မှ ၁၈ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ဘက်မှ မတ်ပဲသိမ်းနေတဲ့တောင်သူများအနေနဲ့ မတ်လ (၁၂-၁၉ ရက်)နေ့အတွင်း မိုးရွာနိုင်ချေမရှိတာကြောင့် ပဲသိမ်းခြင်းလုပ်ငန်းကို ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ - မတ်ပဲရိတ်သိမ်းချိန်တွင် စနစ်တကျမရိတ်သိမ်းပါက အထွက်နှုန်း ၁၅ % ထိ လျော့ကျနိုင်ပါတယ်။
- မတ်ပဲကိုသီးတောင့်များမာချိန်၊ မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။
- နုတ်သိမ်းပြီးပြီးချင်း နောက်တစ်ဆင့် ခြွေလှေ့ပါ။
- ခြွေလှေ့ပြီးပြီးချင်း အဖျင်း အမှော်ဖယ်ပေးပါ။
- ကျောက်ခဲ၊ သဲ၊ အရွက်ခြောက်၊ ကိုင်းခြောက်၊ ပေါင်းစေ့၊ မြေကြီးခဲ၊ အမှိုက်များဖယ်ပေးပါ။
- ပဲသန့်မှ ဈေးကောင်းရမှာဖြစ်ပါတယ်။
- စိုက်ချိန်အတွင်း မှဲ့ပြောက်စွန်းကျခဲ့ပါက ပဲကောင်းကောင်းခြောက်သွေ့သောအခြေအနေတွင်သာ သိုလှောင်သိမ်းဆည်းတာမျိုးပြုလုပ်ပေးပါ။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်- - ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ပါက ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။ - ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။ - ၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။ - ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
