cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိ ရာသီဥတုအခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ တောက်တဲ့မြီးရောဂါကျရောက်နိုင်ပါတယ်။
  • ၂၀၂၅ မတ်လ ၁၃ရက်နေ့မှ ၂၀ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပြီး ပူပြင်းခြောက်သွေ့စေနိုင်ပါတယ်။ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ 

    Weather Source: Su Su San 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်  

    လက်ရှိ ရာသီဥတုအခြေနေအရ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ တောက်တဲ့မြီးရောဂါကျရောက်နိုင်ပါတယ်။ 

    တောက်တဲ့မြီးရောဂါကျရောက်ပြီဆိုရင်တော့ 

    နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေအလွန်အကျွံ မဖျန်းပါနဲ့။ 

    စိုက်ခင်းအတွင်း အစိုဓါတ်ကိုလျှော့ချပါ။ 

    ကြက်သွန်ခင်း ရေမဝပ်ပါစေနဲ့။ 

    ရောဂါကျ အခင်းမှ ပင်ကြွင်း ပင်ကျန်များကို စုပုံ၍ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပါ။ 

    ဓါတုဆေးအနေနဲ့ အဇိုဆီစတိုဘင်၊ ဒိုင်ဖန်နိုကိုနာဇိုး၊ ပရိုပီကိုနာဇိုးကို အသုံးပြုနိုင်ပါတယ်။   

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

    • ရာသီဥတုပူလာသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲသွားခြင်း(Shock)မဖြစ်စေရန် ဂရုပြုရန်၊ 
    • ငါးရောဂါများ (ဥပမာ- ငါးအနီစက်ရောဂါ)ကျနိုင်သဖြင့် ဂရုစိုက်ရန်၊ 
    • ငါးသားဖောက်ကန်များ အစာကို အလေးထားကျွေးရန်၊ 
    • ရေချဉ်ဖန်နှုန်းစစ်ဆေးပေးရန်၊ 
    • အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊ 

    ငါးကန်မွေးမြူရေးနဲ့ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
10
comments
0
views
4979