ပဲတီစိမ်း အရောင်းအဝယ်အေးပြီး စျေးငြိမ်နေ
- ပြည်ပဝယ်လိုအားနည်း၍ ပဲတီစိမ်းစျေးကွက် အရောင်း အဝယ်အေးပြီး စျေးငြိမ်နေကြောင်း ပဲကုန်သည် အချို့ထံမှ သိရသည်။ - ထိုကဲ့သို့ စျေးငြိမ်နေသည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်ကြောင်း ကုန်စည်ဒိုင်းများထံမှ သိရသည်။ - “ ပဲတီစိမ်းနယ်စျေးကွက် ပုံမှန်ပါပဲ။ တစ်ပတ်ထဲမှာ ဘဏ်ပိတ်ရက် ၅ ရက် ဆက်တိုက်ရှိတော့ နယ်စျေးကွက် အေးပြီး အကျဘက်ကို ဦးတည်နိုင်တယ်။ ငွေကြပ်မှာစိုးလို့ ကြိုရောင်းထားတာတွေ၊ ငွေ အကုန်ထုတ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ “ ဟု ပဲကုန်သည် တစ်ဦး သုံးသပ်ပြောထားသည်။ - မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ မတ်လ ၁၁ ရက်နေ့က ပဲတီစိမ်း (ညာ) ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀၀ မှ ၂၇၅၀၀၀ ကျပ် ထိရှိပြီး ပဲတီစိမ်း ခွဲပဲ ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀၀မှ ၂၅၅၀၀၀ ကျပ် အထိ ပေါက်စျေးရှိကာ ပြီးခဲ့သည့် အပတ် နှင့် ယှဉ်ပါက ပဲတီစိမ်း (ညာ)မှာ ၁၀၀၀၀ - ခန့်တက်လာပြီး ပဲတီစိမ်း ခွဲပဲ ၅၀၀၀ခန့် ပြန်ကျသွားကြောင်း သိရပါသည်။ - လက်ရှိကာလမှာ နေပူချိန် ပြင်းလာကာ ပဲတီစိမ်းခေါင်သီးများ အရင့်လွန်ကာ အဝါရောင် သန်းလာခြင်း၊ အရှုံ့များ ဖြစ်ပေါ်လာခြင်းတို့ ကြောင့် One colour မရှိပဲ အရည်အသွေးကျဆင်းလာကြောင်း သိရပါသည်။ - အရည်အသွေး ကျဆင်းလာပါက စျေးကွက်ကို ထိခိုက်ကာ စျေးနှုန်းကွာဟနိုင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ မည်ဆိုပါက သေသေချာချာ စီစစ်၍ တင်ပို့သင့်ကြောင်း သိရပါသည်။ - တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လမ်းပန်း ဆက်သွယ်ရေးအပြင် တခြားသော အခက်အခဲများ ရှိနေသောကြောင့် စျေးကွက်အေးရသည့် အကြောင်းရင်းထဲမှာပါကြောင်းလည်း သုံးသပ်ကြသည်။ - “ပဲတီစိမ်းစျေးက စျေးငြိမ်နေတယ်။ တချို့ကုန်စည်ဒိုင်တွေ တက်လဲ ၅၀၀၀ လောက်ပဲ တက်မယ်၊ ကွာမယ်။ လက်ရှိ စျေးကွက် အနေအထား အရကတော့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းစျေးက စျေးငြိမ်နေတာ တစ်လ နီးပါ လောက်ရှိပြီ မန္တလေး ကုန်စည်ဒိုင်မှာတော့ စျေးပြန် တက်လာတာကို တွေ့ရတယ်။” ဟုအောင်လံမှ ပဲကုန်သည်တစ်ဦးက ပြောသည်။ - ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲတီစိမ်းအညာ တစ်ပိဿာလျှင် ၅၁၆၅ မှ ၅၁၈၅ ကျပ်၊ ပဲတီစိမ်း (ခရမ်း ရွေဝါ) ၊ ပဲခူး ရွှေဝါတစ်ပိဿာလျှင် ၅၅၀၀ ကျပ် နှင့် ဝါးခယ်မ FAQ တစ်ပိဿာ လျှင် ၅၂၇၀ ကျပ် ဖြင့် စျေးငြိမ်လျက်ရှိကြောင်း သိရသည်။ - ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး တရုတ်နိုင်ငံ၏ ပဲတီစိမ်း တင်သွင်းသည့် ပမာဏ အရင်နှစ်ထက် တန်ချိန် တိုးလာနိုင်တာကြောင့် နောက်ပိုင်း မြန်မာ့ပဲတီစိမ်း စျေးကွက်အတွက် အလားအလာကောင်း နိုင်ကြောင်းလည်း သုံးသပ်ကြသည်။ - ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်ပကို ပဲတီစိမ်း တန်ချိန် ၄ သိန်း ခန့် တင်ပို့ ထားကြောင်းလည်း ပဲနှမ်းအသင်းမှ သိရသည်။ - မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီးပဲတီစိမ်း ၂၆ ရာခိုင် နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။ - ဖိုးချဲ(AMIA) - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
