cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အင်ဇိုင်းကြောင့် ငါး၊ ပုစွန်များ အရည်အသွေးကျဆင်းမှုကို ဟန့်တားနိုင်ရန်

. Fish Articles
ငါး၊ ပုစွန်များ၏ ကိုယ်ပေါ်တွင် အသက်ရှိစဉ်က အတူနေအကျိုးပြုခဲ့ကြသော ကိုယ်တွင်းရှိ အင်ဇိုင်းများ၊ ဘက်တီရီးယား နှင့် အဆီဓာတ်များသည် သေဆုံးပြီးနောက် ဆန့်ကျင်ဘက်မကောင်းသော ဆိုးကျိုးကို ဖြစ်ပေါ် စေပါသည်။
  • ကိုယ်တွင်းရှိသော အဆိုပါ ဖျက်ဆီးမှုဆိုးကျိုးမှာ သေဆုံးပြီးချိန်တွင် ဖြစ်ပေါ်တတ်သော်လည်း ထင် ရှားသော ဆိုးကျိုးကို အကြောင်းပြုပြီး အောက်ပါအတိုင်း သတ်မှတ်နိုင်ပါသည်။   

     အင်ဇိုင်းဓာတ်ပြောင်းလဲခြင်းကြောင့် ပျက်စီးရခြင်း 

    ၁။ ဦးစွာထင်ရှားပြသသော လက္ခဏာမှာ သေဆုံးပြီးနောက် တောင့်တင်းမာကျောမှုအဆင့်များ ဖြစ်ပါသည်။ 

    ၂။ အသားတွင်းတွင် သကြားဓါတ်ကို ဆက်သုံးရန် အသက်မရှိတော့သဖြင့် သကြားမှ အချဉ်ဓါတ်ပေါက်ပြီး ချဉ် ဖန်နှုန်းကျဆင်းလာပြီး အက်စစ်ဓာတ်သည် အသားကိုမာစေသည်။ တောင့်တင်းအောင် ဆွဲကျုံ့လိုက်သဖြင့် အရွယ်အစား သေးငယ်သွားသည်။ 

    ၃။ ပုစွန်များတွင် မီလနင်ကွန်ပေါင်းပါဝင်မှုကြောင့် အင်ဇိုင်းအပြောင်းအလဲတွင် အမဲစက်ဖြစ်ပေါ်စေသည်။ ရေယက်၊ လမ်းလျှောက်‌ခြေထောက် နှင့် ဦးခေါင်းပိုင်းမှ ဝမ်းဗိုက်အထိ တစတစ ကျယ်ပြန့်လာပြီး အမဲစက် အကြီးများအဖြစ် ပြောင်းလဲသွားသည်။ 

    ၄။ အေးအောင် ရေခဲရိုတ်ထားပါက အင်ဇိုင်းသတ္တိကုန်အောင် (၈-၁၀)နာရီ အထိ ငါးအမျိုးအစားအလိုက် ကြာမြင့်နိုင်သည်။ 

    ၅။ အပူပေးချက်လိုက်လျှင် အပူချိန် ၆၅ စင်တီဂရိတ်အထက် ချက်ခြင်း၊ ပြုတ်ခြင်း၊ ကြော်ခြင်းပြုလုပ်ထားလျှင် အင်ဇိုင်းပျက်စီးမှုများရပ်ပြီး ပျက်ပြယ်ကုန်ပါသည်။ 

    ၆။ အင်ဇိုင်းဖျက်ဆီးမှုကြောင့် ငါးများတွင် အစာလမ်းကြောင်း အင်ဇိုင်းလောင်သဖြင့် စိမ်းရွှေရွှေအနံ့ထွက်စေပြီး ဗိုက်ပေါက်လာပါသည်။ 

    ၇။ ဝမ်းဗိုက် အစာအိမ်အူလမ်းကြောင်းများနှင့် ထိစပ်နေသော အသားများ အစိမ်းရောင်မှ အမဲရောင်သို့ဖြစ်ပေါ် စေပြီး အရသာခါး၊ အသားပျော့ခြင်းကို ဖြစ်ပေါ်စေပါသည်။ 

    ၈။ ၄င်းဖျက်ဆီးမှုကို ကာကွယ်ရန်မှာ ငါးကို ဗိုက်ဖောက် အူထုတ် ရေဆေးခြင်းနှင့် ပုစွန်ဖြစ်ပါက ခေါင်းဖြုတ် အူထုတ် ရေသန့်စင်အောင်ဆေးခြင်းကို သုံးနိုင်ပါသည်။ 

    U San Aung 

    Htwet Toe 

     ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
7
comments
0
views
3813