cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မတ်လ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွေမှာ မိုးရွာနိုင်ပါတယ။် လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။
  • ရှမ်းပြည်နယ်အရှေ့ပိုင်း  

    ကျိုင်းတုံခရိုင် မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင်ဒေသတွေမှာ 

    မတ်လ ၁၈ရက်နေ့နှင့် ၁၉ရက်နေ့တွေမှာ မိုးရွာနိုင်ပါတယ။် လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။ ကျန်ရက်တွေမှာ သာယာပါမယ်။ 

    ISSUED TIME 

    13/03/2025 6:53am(MMT) 

    #တိကျမှန်ကန်  

    Su Su San  

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕  

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 

    ရှမ်းပြည်နယ်မှာရှိတဲ့ တောင်သူကြီးများအနေနဲ့ ခရမ်းချဉ်ပင်တွေမှာ နှောင်းပင်နာကျ ရောဂါတွေ့ရနိုင်ပါတယ်။ 

    နှောင်းပင်နာကျ ရောဂါကာကွယ်နှိမ်နင်းဖို့အတွက် 

    -ယခင်ရာသီတွင်ခရမ်းချဉ် စိုက်ပျိုးခဲ့ပါက စိုက်ခင်းဘေးပတ်လည်တွင် ပင်ကြွင်းပင်ကျန်များမရှိအောင်ပြုလုပ်ပါ။ 

    -အာလူး၊ ခရမ်း၊ ငရုတ်ပင်များကို ဆက်တိုက်စိုက်ပျိုးခြင်းကိုရှောင်ပါ။ 

    -ရောဂါကျရောက်နေစဉ် အပင်ပေါ်မှ ရေဖျန်းခြင်းကို ရှောင်းရှားပါ။ 

    -မိမိစိုက်ပျိုးသည့်ရာသီတွင် နှောင်ပင်နာကျရောဂါ ကျရောက်လေ့ရှိခဲ့ပါက မှိုသတ်ဆေးကို ကြိုတင်ကာကွယ်သည့်အနေနဲ့ အသုံးပြုပါ။ 

    -ကလိုသာလိုနေး၊ မန်ကိုဇက်၊ ဆိုင်မောက်စနေး၊ ဒိုင်မီသိုမော့စ် စသော ဓါတုဆေးများကို အသုံးပြုနိုင်ပါတယ်။ 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်    

    • ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊  
    • အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊  
    • အနွေးဓါတ်ဝင်ချိန် နံနက် ၉:ဝဝ နာရီမှ ညနေ ၃:ဝဝ အတွင်းသာ အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊  
    • ငါးရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အစာကျွေးရန်၊  
    • အေးတဲ့ရာသီဥတုမှာ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့နဲ့ ခုခံအားတက်စေဖို့ ဗိုက်တာမင်စီကို အစာနဲ့ ရောကျွေးရန်၊ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
7390