ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့အတွင်း ဧရာဝတီတိုင်း ဒေသကြီးမှာ မိုးရွာနိုင်ပါတယ်။ လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။ - ISSUED TIME - 13/03/2025 8:31am(MMT) - #တိကျမှန်ကန် - Su Su San - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - စပါးရိတ်သိမ်းခါနီးချိန် ဖြုတ်ကျနေသောစိုက်ခင်းများအနေဖြင့် ဆေးဖျန်းတာမျိုး မလုပ်သင့်တော့ပါ။
- စပါးအနှံစုံခါနီးချိန်စိုက်ခင်းများအနေနဲ့ကတော့ ရေလျှော့ပြီး Buprofezin+ Dinotefuran ကိုရွေးချယ်ဖျန်းနိုင်ပါတယ်။
- စပါးပင်ငယ်စဥ်ကတည်းက ဂုတ်ကျိုးရောဂါကိုသေချာသတိမပြုမိဘဲ အနှံထွက်၊ စပါးစေ့ပေါ်တွင် ဂုတ်ကျိုးလက္ခဏာတွေ့ရတော့မှ ဆေးဖျန်းမည်ဆိုပါက နောက်ကျသွားပါပြီ။
- နောက်ထပ် လက်ရှိ GW11, ဧရာ ၁၀ စိုက်တဲ့တောင်သူများစပါးမှိုသီးကျနေပါက တစ်ခါတည်းမှိုသီးကျနေသောစပါးနှံကို ချိုးပြီး အိတ်ထဲထည့်လာခဲ့ပါ။ စိုက်ခင်းထဲမှာပြန်မထားခဲ့ပါနဲ့။
- မှိုသီးကျမှဆေးဖျန်းလျှင် ဆေးစက်အရှိန်ကြောင့်မှိုသီးများပိုမိုကူးစက်ပွားများမှာဖြစ်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးသင့်လဲဆိုတာကို အကြံပြု ဆွေးနွေးလိုပါတယ်ခင်ဗျာ- - ငါးကန်တွေမှာ ဆားကို သုံးရတဲ့အကြောင်းအရင်းမှာ - ငါးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
- အဆိပ်အတောက် ဖယ်ရှားခြင်း၊
- ကပ်ပါးပိုးတွေ သေစေခြင်း
- နိုက်ထရိုက်အဆိပ်အတောက်ကို လျော့ချပေးခြင်း
- ငါးရဲ့အရေပြားမှ အကျိအချွဲထုတ်လုပ်မှုကောင်းစေခြင်း
- ရေမှာ ကြာရှည်စွာပျော်ဝင်တည်ရှိနေနိုင်ခြင်း
- ကန်ရေသန့်တဲ့စနစ်အပေါ် ထိခိုက်မှုမရှိခြင်း
 - ငါးကန်တွင် ဆားအသုံးပြုနည်းနဲ့ပတ်သတ်ပြီး အကြံဉာဏ် ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
