စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်
(၁၀.၃.၂၀၂၅) မှ (၁၄.၃.၂၀၂၅)ထိ
ကြက်သွန်ဖြူ
တရုတ်ကနေတင်သွင်းနေတဲ့ ကြက်သွန်ဖြူ ကြူကုတ်က စျေးတန်းငြိမ်နေပြီး ရှမ်းကြက်သွန်တွေက စျေးကျလာပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြူကုတ်ကြက်သွန်ဖြူတွေလည်းဝင်ရောက်နေသလို ရှမ်းဒေသထွက်ကြက်သွန်ဖြူတွေလည်းဝင်ရောက်မှုရှိပြီး မန္တလေးဒေသထွက်မြန်မာကြက်သွန်ဖြူတွေလည်းဝင်ရောက်နေပါတယ်။အရောင်းအဝယ်တော့သွက်နေတယ်လို့ သိရပါတယ်။
ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာကြူကုတ် တစ်ပိဿာကို ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်စျေးရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၅၅၀၀ ၊ထူး၃က ၆၀၀၀ ၊ထူး၄က ၆၅၀၀ ၊ထူး၅က ၇၀၀၀ ကျပ်ရှိပါတယ်။ တစ်ပိဿာကို ၂၀၀၀ မှ ၃၅၀၀ ကျပ်စျေးကျပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကလည်း ရန်ကုန် ဘုရင့်နောင်ကို ကားအစီးရေဝင်ရောက်မှုများတာကြောင့် စျေးတန်းအနည်းငယ်ချရောင်းနေရတယ်လို့သိရပါတယ်။
သောကြာနေ့မှာဆိုရင် မိုးကြက်သွန်ကားအစီးရေ ၅၁ စီးအထိဝင်ရောက်ခဲ့ပါတယ်။ စျေးတန်းအငုတ်နဲ့ရောင်းရပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သောကြာနေ့က ဆိပ်ဖြူ ကြက်သွန်နီက အကြီးအသေးအရွယ်အစားအလိုက် တစ်ပိဿာကို ၁၆၀၀ မှ ၂၁၀၀ ကျပ် ၊မြစ်သားကြက်သွန်နီက ၂၀၀၀ မှ ၂၈၀၀ ကျပ်စျေးရှိပါတယ်။
အာလူး
အာလူးကတော့ စျေးကွက်ထဲမှာ တရုတ် အာလူးရော ရှမ်းအာလူးပါ ဝင်ရောက်မှုရှိနေပြီး စျေးငြိမ်နေပါတယ်။အရောင်းအဝယ်လည်းပုံမှန်ရှိနေပါတယ်။
ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို ၃၀၀၀ မှ ၄၀၀၀ ကျပ်ရှိပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်း မျက်နီ S1/ OK က ၃၈၀၀ ကျပ်၊မျက်နီ OK က ၃၃၀၀ ကျပ်၊မျက်နီ A1 က ၃၀၀၀ ကျပ်၊A1ဆွဲမျက်နီက ၂၅၀၀ ကျပ် ရှိပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၄၀၀၀ မှ ၅၀၀၀ ကျပ်စျေးရှိနေပါတယ်။
ဂျင်း
ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက် စျေးမတက်ဘဲ အကျစျေးတန်းမှာပဲငြိမ်နေပါတယ်။ ဂျင်းတက်က ပြည်တွင်း စျေးကွက်ကိုပဲမှီခိုရောင်းချနေရတာဖြစ်တယ်လို့သိရပါတယ်။
ဂျင်းတက်စျေးကွက်က အရည် အသွေးကောင်းရင်ကောင်းသလို ၊အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီးစျေးကွာခြားမှု ရှိနေပါတယ်။
ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီ အကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ ကျပ်စျေးပေါက်ပါတယ်။
ခရမ်းချဥ်သီး
ခရမ်းချဥ်သီးကတော့ စျေးဆက်တိုက် ကျလာပြီး လက်လီစျေးကွက်မှာ တစ်ပိဿာကို ၆၀၀ ကျပ်အထိကျဆင်းလာနေပါတယ်။
ရှမ်းပြည်နယ်အပါအဝင် နယ်ဒေသအစုံမှာ.ခရမ်းချဥ်သီးတွေပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့်စျေးကျဆင်းလာတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၆၀၀ ကျပ်သာရှိပါတယ်။
(AMIA)


NewsFeed
Communities
Explore
Inbox
Me
Market Price