cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့‌ထောပတ်သီးများကို လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်မည်

. All News
မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပါကလည်း ထောပတ်သီးပြည်ပတင်ပို့မှုဈေးကွက် ပိုမိုကြီးမားလာမှာဖြစ်သလို ထောပတ်သီးကဏ္ဍအတွက် အင်မတန်ကြီးမားသည့် အခွင့်အလမ်းနှင့် အကျိုးရလဒ်ကြီး တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။
  • မြန်မာ့‌ဒေသထွက် ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သတ်မှတ်ချက်များနှင့်အညီ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။

    လက်ရှိတွင်လည်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာ့ ထောပတ်သီးကို GACC သတ်မှတ်ချက်များနှင့်အညီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုတွင်လည်း မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနမှ ထောပတ်ခြံများသို့ ပိုးကျခြင်း ရှိ၊ မရှိ အသေးစိတ်စစ်ဆေး၍ ကာကွယ်ရေးနည်းလမ်းများပေးလျက်ရှိကြောင်း သိရပါတယ်။

    ထို့သို့ တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ ဗီဒီယိုဖြင့် စစ်ဆေးမှုကိုတော့ လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ပြုလုပ်ရန် နှစ်ဖက်ညှိနှိုင်းထားပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ထောပတ်သီးရာသီချိန်တွင်သာ တရားဝင် G to G တင်ပို့နိုင်မှာဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။

    “တင်ပို့နိုင်ဖို့အတွက် ဆောင်ရွက်မှုအနေနဲ့ Video Inspecting လုပ်ဖို့ နှစ်ဖက်ညှိနှိုင်းထားတာကတော့ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ပေါ့။ သူ့ထက်စောရင် စက်တင်ဘာလလောက်မှာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါက Inspecting လုပ်တုန်းပဲ။ အဲဒီမှာ စာချုပ်ချုပ်ရမှာတွေ၊ အပြန်အလှန်ချုပ်ဆိုရမှာ တွေရှိတယ်။ စာချုပ်တွေ အပြန်အလှန်ချုပ်ပြီးမှ ပို့ရမှာဖြစ်တဲ့အတွက် စာချုပ်တွေချုပ်ပြီးချိန်လောက်မှာ ဒီနှစ်ရဲ့ ထောပတ်သီးရာသီချိန်ကကုန်ပြီ။ အဲဒီတော့ နောက်ရာသီချိန်မှ တင်ပို့နိုင်မှာ ဖြစ်တဲ့အတွက် အချိန်အခါနဲ့ပြောရရင်တော့ တရားဝင်တင်ပို့ခွင့်ကတော့ လာမယ့် ၂၀၂၆-၂၀၂၇ ရာသီလောက်မှ တရားဝင် G to G ပို့နိုင်မှာဖြစ်ပါတယ်” လို့ ၎င်းအသင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားပါတယ်။

    မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ပါကလည်း ထောပတ်သီးပြည်ပတင်ပို့မှုဈေးကွက် ပိုမိုကြီးမားလာမှာဖြစ်သလို ထောပတ်သီးကဏ္ဍအတွက် အင်မတန်ကြီးမားသည့် အခွင့်အလမ်းနှင့် အကျိုးရလဒ်ကြီး တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။

    ယင်းကြောင့် လက်ရှိတွင်လည်း ထောပတ်သီးပင်များတွင် ကျရောက်တတ်သည့် အဖျက်ပိုး ထိန်းချုပ်ရေးနည်းစနစ်များကို မြန်မာနိုင်ငံ၏ ထောပတ်သီးပင် အဓိက စိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်များတွင် စိုက်ပျိုးရေးဦးစီးဌာန၏ သီးနှံကာကွယ်ရေးဌာနမှ ပညာရှင်များနှင့် စိုက်ပျိုးရေး ခြံပိုင်ရှင်များ ပူးပေါင်းကာ သုတေသနပြုလုပ်ခြင်း၊ ကာကွယ်ရေးနည်းလမ်းများ ပို့ချဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေကြောင်း သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြပါသည်။

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
925