ဆိတ်စျေးကွက်စံချိန်တင်မြင့်တက်လာ
- ဆိတ်မွေးမြူရေးစျေးကွက်မှာ ရောင်းတန်းဝင်တဲ့ ဆိတ်အရွယ် အစားအကြီးတွေက တစ်ပေါင်ကို ၅၀၀၀ ဝန်းကျင်စျေးတန်းရှိပြီး ပိဿာချိန်နဲ့ဆိုပါက တစ်ပိဿာကို ၁၇၀၀၀ ကျော်ကျပ်အထိ စံချိန်တက် မြင့်တက် လာနေတာဖြစ်တယ်လို့သိရပါတယ်။ - " ပြည်တွင်းမှာ ကုန်ကြမ်းရှားလာတယ်။ဆိတ်ရှားလာတာက အဓိကပါ။တရုတ်က လည်းအဝယ်ရှိတယ်။ မလေးကလည်း ဝယ်မယ့်အမှာရှိတယ်သိရတယ်"လို့ ဆိတ်ရောင်းဝယ်ရေးလုပ်ကိုင်သူကပြောပါတယ်။ - ဆိတ်စျေးကွက်မြင့်လာတဲ့အတွက် ဆိတ်အကောင်ရေ ၇၅ ကောင်ကိုပင် ငွေကျပ်သိန်း ၅၂၅ သိန်းအထိ စျေးရရှိနေတယ်လို့သိရပါတယ်။ - ဆိတ်အရှင်ခြံဖမ်းစျေးကွက်က လမ်းပန်းဆက်သွယ်ရေးအပေါ်မူတည်သလို နယ်မြေအေးချမ်းမှုရှိခြင်း မရှိခြင်းအပေါ်မူတည်ပြီး စျေးနှုန်း ကွာခြားမှုရှိနေတယ်လို့သိရပါတယ်။ - ဆိတ်မွေးမြူရေးမှာ ဆိတ်တစ်ကောင်ကို ပိဿာ ၂၀ အထက်အရွယ်ရှိအောင် မွေးမြူသူရှားကြောင်း၊ ပိဿာ၂၀ အထက်က မျိုးပွားဖို့အတွက်အဓိကမွေးတဲ့ ဆိတ်ထီးသာအများဆုံးရှိတာဖြစ်ပြီး စျေးကွက်မှာ ၁၀ ပိဿာအထက်ဆိတ်တွေ အများဆုံးမွေးမြူကာရောင်းဝယ်ကြတာဖြစ်ပါတယ်။ - ဒါပေမယ့် ဆိတ်မွေးမြူရေးလုပ်ကိုင်သူအများဆုံးဖြစ်တဲ့ အညာဒေသမှာတော့ ဆိတ်ကို ပိဿာချိန် ၃၀ အထက်ထိမွေးမြူကြပါတယ်။ - လက်ရှိမှာတော့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အညာဒေသဘက်မှာလည်း ဆိတ်မွေးမြူ ရေး လုပ်ကိုင်သူလျော့ကျလာသလို ကျန်ဒေသတွေမှာလည်း ဆိတ်မွေးမြူသူနည်းလာပါတယ်။ - ၂၀၂၄ ခုနှစ်တုန်းက ဆိတ်စျေးကွက်က တစ်ပိဿာကို ၄၀၀၀ ကျပ်သာရတဲ့အထိ စျေးကျဆင်းခဲ့ပါတယ်။ - ဆိတ်တွေက ယခုလိုနေပြင်းတဲ့နွေ ရာသီဥတုမှာ ကြီးထွားမှုနှုန်း ကောင်းပြီး မိုးရာသီမှာတော့ ကြီးထွားမှု နှေးတဲ့အပြင် ရောဂါဖြစ်ပွားကာ သေဆုံးမှုလည်းရှိတတ်ပါတယ်။ - မစံပယ်(AMIA) - AMIA-Doh Farmer Digital TV မှ ကူးယူဖော်ပြပါသည်။- --------------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
