မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၂၀ရက်နေ့မှ ၂၇ရက်နေ့အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ပြီး ရာသီဥတုပူပြင်းခြောက်သွေ့စေနိုင်ပါတယ်။ - မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ - ISSUED TIME - 19/03/2025 9:23am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - နှမ်းစိုက်ပျိုးရာတွင် ပေါင်းမြက်ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။ - ပေါင်းပင်များအား လက်ဖြင့် ပေါင်းသင်းခြင်းသည် အထိရောက်ဆုံးနည်းလမ်း ဖြစ်ပါတယ်။
- အလုပ်သမားရှားပါးပါက ပေါင်းသတ်ဆေးများအသုံးပြု၍ နှိမ်နင်းနိုင်ပါတယ်။ နှမ်းမျိုးစေ့ချပြီး နေ့ချင်း(သို့မဟုတ်) အစိုဓာတ်ရှိပါက ၂-၃ ရက်အတွင်း ပေါင်းအုပ်ဆေး အနေနှင့် Metolachlor ပါသောဆေးကို ဖျန်းနိုင်ပါတယ်။ ပေါင်းသတ်ဆေးဖျန်းရာတွင်စိုက်ခင်းအတွင်း အစိုဓာတ် ကောင်းစွာရှိရန် ဂရုပြုလုပ်ဆောင်ပါ။
- နှမ်းပင် ၁၅ -၂၀ ရက်သားအတွင်း မြက်အုပ်စုများကို နှိမ်နင်းရန် Fluazifop p butyl 25%, Quizalofop,p ethyl 10EC ပါသောပေါင်းသတ်ဆေးများကိုအသုံးပြုနိုင်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါး/ပုစွန်မွေးမြူရေးတွင် ငါးစာလိုအပ်ချက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ - - အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။ - - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၁၅ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။ - - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။ - - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။ - - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။ - - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။ - - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။ - - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
