cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငရုတ်စျေးများ မြင့်တက်နေ

. Market News
ယခု မတ်လအတွင်း ငရုတ်စျေးများ အမြင့်စျေးတွင်ရှိနေကြောင်း ကုန်သည်များထံမှ သိရပါသည်။
  • စျေးကွက်သို့ ငရုတ်သီး အဝင်နည်းနေသော်လည်း ပြည်တွင်း စားသုံးမှု ပုံမှန်ရှိပြီး ပြည်ပ အဝယ်ရှိနေတာကြောင့် စျေးတက်လာခြင်း ဖြစ်ကြောင်း ငရုတ်ကုန်သည် တချို့ကသုံးသပ်ပြောဆိုထားသည်။

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မတ်လ ၃ ရက်နေ့ က ပန်းရဲ (သစ်) တစ်ပိဿာလျှင် ၅၅၀၀မှ ၆၀၀၀ ကျပ်၊ မြစ်ဝ မိုးထောင် တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဆင်ဖြူကျွန်း ပု သစ် တစ်ပိဿာလျှင် ၁၄၀၀၀ မှ ၁၅၀၀၀ ကျပ် သာရှိခဲ့ပြီး တဖြည်းဖြည်း မြင့် တက်လာကာ မတ်လ ၁၃ရက်နေ့တွင် ပန်းရဲ (သစ်) တစ်ပိဿာလျှင် ၈၀၀၀ မှ ၈၅၀၀ ကျပ်၊ မြစ်ဝ မိုးထောင် တစ်ပိဿာလျှင် ၈၅၀၀မှ ၁၀၅၀၀ ကျပ် နှင့် ငရုတ် ဆင်ဖြူကျွန်း ပု သစ် တစ်ပိဿာလျှင် ၁၆၅၀၀မှ ၁၇၀၀၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

    “မတ်လထဲမှာ ငရုတ်အမျိုးစားပေါ်မူတည်ပြီး တစ်ပိဿာကို ၃၀၀၀ နှုန်းလောက် တက်သွားတယ်။ စျေးက တက်နေတော့ ကြိုက်စျေး ပေး ရောင်းတာတွေရှိတယ်။ ထိုင်းနိုင်ငံမှာလဲ ငရုတ်ရာသီကုန်တော့မှာမို့ စျေးတက်တာလို့ ပြောကြတယ်။” ဟု ရန်ကုန် မြို့မှ ငရုတ် ပွဲရုံ တစ်ခုမှတာဝန်ရှိ သူတစ်ဦး ကပြောသည်။

    မြေပြန် ဒေသများတွင် စျေးနှုန်း မြင့်တက်နေသော်လည်း ရှမ်းပြည်နယ်ဘက်မှာ စျေးကထင်သလောက် မတက်ကြောင်း ရှမ်းပြည်နယ်မှ ကုန်စိမ်းသည်များ ထံမှ သိရပါသည်။

    ငရုတ်သီးစိမ်းမှာ စျေးကွက်သို့ အဝင်နည်းနေသော်လည်း စျေး အကျပိုင်းတွင် ရှိနေကြောင်း အခြား မြို့များမှာ ရှမ်းပြည်နယ်က သယ်ရသည့် စရိတ်များ၊ အလုပ်သမားခများ အစရှိသည့် ကုန်ကျစရိတ်များ နေသည့်အတွက် ပိုမိုစျေးကတက် နေခြင်းဖြစ်ကြောင်း ရှမ်းကုန်သည်များထံ မှ သိရပါသည်။

    “ရှမ်းဒေသတွေမှာ ငရုတ်က သုံးလပိုင်းအထိ ဆက်တိုက်ထွက်တယ်၊ အရင် နှစ်တွေ နဲ့ ယှဉ်ရင် အခု ကာလက ထုတ်လုပ်မှု မများပေမဲ့

    လမ်းပန်း ဆက်သွယ်ရေးအခြေအနေ နဲ့ ဝယ်လက်နည်းတာတွေကြောင့် စျေးနှုန်းကျဆင်း ခဲ့တာပါ ။ ရှမ်းပြည်နယ်က တောင်သူတွေ စျေး တန်း တစ်ခုတော့ ရမှာပါ။“ ဟု ရှမ်းပြည်နယ် အောင်ပန်း မှ ငရုတ် ကုန်သည် ကို စိုင်း ကပြောသည်။

    လက်ရှိ ရှမ်းပြည်နယ်၌ အရည်သွေးမှီသည့် ငရုတ်များ ထုတ်လုပ်ကာ ပြည်ပ စျေးကွက် အထိ ချိတ်ဆက်နိုင်ရန် ငရုတ်ကုန်စည်ပြပွဲများပြုလုပ်ကာ ကယန်းကုလားအော်၊ ရှမ်းပွ နှင့် ရှမ်းသွယ် ငရုတ်မျိုးများကို တောင်သူများမှ လေးလံစနစ်ဖြင့် ရောင်းချနေကြောင်းလည်း သိရပါသည်။

    ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရပြီး မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးပြီး ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိကြောင်း သိရသည်။

    လက်ရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများ ဖြစ်သည့် ထိုင်း နိုင်ငံသို့ အဓိကထား တင်ပို့နေပြီး တရုတ်၊ လာအို၊ မလေးရှား စသည်နိုင်ငံများ သို့ လည်း တင်ပို့နေကြောင်းလည်း သိရသည်။

    ဖိုးချဲ(AMIA)

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
2
views
1600