cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးများ အရည်အသွေးကျဆင်းရခြင်း အကြောင်းရင်း

. Fish Articles
ငါးများအပေါ် ဘက်တီးရီးယားများကျရောက်ခြင်းသည် ပတ်ဝန်းကျင်မသန့်ရှင်းခြင်းနှင့် ကိုင်တွယ်သူများ သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့်သည် ရာခိုင်နှုန်း (၅၀) ရှိပါသည်။
  •            ငါးမွေးကန်များမှ ငါးဖမ်းဆီးပြီးနောက် ရောင်းချမည့် ငါးများ အရည်အသွေးကျဆင်းခြင်း (တနည်း) လတ်ဆတ်မှုအားနည်းခြင်းအကြောင်းရင်း အချက်(၃)ချက်ရှိသည့်အနက် ဘက်တီးရီးယားကြောင့် ပျက်စီးရခြင်းသည် အလွယ်တကူဖြစ်ပေါ်တတ်ပါသည်။ ဘက်တီးရီးယားများသည် မြေ နှင့်ရေတွင် အမြဲရှင်သန် ပေါက်ဖွားနေပြီး ပတ်ဝန်းကျင် အခြေအနေနှင့် အပူချိန်တို့ကြောင့် ပိုမိုပေါက်ဖွား ကြပါသည်။

               ငါးများအပေါ် ဘက်တီးရီးယားများကျရောက်ခြင်းသည် ပတ်ဝန်းကျင်မသန့်ရှင်းခြင်းနှင့် ကိုင်တွယ်သူများ သန့်ရှင်းမှုအားနည်းခြင်းတို့ကြောင့်သည် ရာခိုင်နှုန်း (၅၀) ရှိပါသည်။ ထို့ကြောင့် ငါးများဖမ်းဆီးချိန်တွင် ပတ်ဝန်း ကျင် သန့်ရှင်းရေးနှင့် ငါးဖမ်းသူများ တကိုယ်ရေ သန့်ရှင်းမှုသည် ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

    ဘက်တီးရီးယားကြောင့် ဖျက်စီးခြင်း

    ၁။ အသက်ရှိစဉ်တွင် ကိုယ်တွင်းကိုယ်ပ တွင်ကပ်နေသော ဘက်တီးရီးယားများမှာ ငါး၊ ပုစွန်ကို သေအောင်သော် လည်းကောင်း ဒါဏ်ရာ ရစေရန်လည်းကောင်း မပြုလုပ်နိုင်ပါ။

    ၂။ဘက်တီးရီးယားများသည် အစာပုပ်တွင်လည်းကောင်း၊ အသက်ရှိအစာတွင်လည်းကောင်း၊ မြေကြီးတွင် လည်းကောင်း ပါရှိနေကြသည်။ ငါး၏အစာအိမ်နှင့်အူလမ်းကြောင်းတွင် အများဆုံးတွေ့ရသည်။

    ၃။ ကိုယ်ခန္ဓာ အရေပြားနှင့် အကြေးခွံ ပေါ်တွင် ရေထဲရှိဘက်တီးရီးယားများကို တစ်ကိုယ်လုံးထက် အများဆုံး တွေ့ရပါသည်။

    ၄။ဘက်တီးရီးယားများသည် မျက်စိဖြင့် မမြင်နိုင်အောင် သေးငယ်ပြီး၊ မူလအရွယ်ထက် အဆတစ်ထောင်ချဲ့ နိုင်သော မိုက်ခရိုစကုပ်ဖြင့်သာ မြင်နိုင်ပါသည်။

    ၅။ဘက်တီးရီးယားသည် ဆဲလ်တခုတည်းသောသတ္တဝါဖြစ်ပြီး၊ လီင်မဲ့နည်းဖြင့် တစ်ကောင်မှ နှစ်ကောင် ၊နှစ် ကောင်မှလေးကောင်း ဆပွားနည်းဖြင့် ဆတိုးပွါးစေပါသည်။

    ၆။ ငါး ပုစွန်တွင်ပါဝင်သောအဟာရဓါတ်များသည် ရေဓါတ်နှင့်အသား၊ ကစီဓါတ်ရှိနေလျှင် ပေါက်ဖွါးရှင်သန် နိုင်သည်။

    ၇။သာမန်အခန်းအပူချိန် ၂၅- ၃၀ စင်တီဂရိတ်တွင် တစ်နာရီ (၄)ကြိမ်ခန့် ၊ (၁၅)မီးနစ်လျှင် (၁)ကြိမ်ကျ ဆပွါး နိုင်ပါသည်။ အေးလျှင် ၊ ရေခဲရိုတ်ထားလျှင် (၃၀)မီးနစ် တကြိမ်ခန့်၊အအေးခန်း (-၁၈စင်တီဂရိတ်)တွင် ၁၂ နာရီ တကြိမ်ခန့်ပွါးပါသည်။

               ထို့ကြောင့် ဘက်တီးရီးယားကြောင့် ငါးများအရည်အသွေးမကျစေရန် အထက်ပါနည်းလမ်းများအတိုင်း ဆောင်ရွက်လုပ်ကိုင်ကြပါရန် အကြံပြုအပ်ပါသည်။

    U San Aung

    Htwet Toe

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
2
comments
0
views
2306