cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်၊ဧရာဝတီတိုင်း စျေးကွက်ရှိ ဆန်စျေးနှုန်းများနှင့် သုံးသပ်ခန့်မှန်းခြင်း

. Market Analysis
၂၀၂၅ ပထမ (၃) လအတွင်း ရန်ကုန် (ဝါးတန်း) စျေးကွက် မှာတော့ ပေါ်ဆန်းဆန်စျေးဆက်တိုက်ဆိုသလို တက်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့ထပ်တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။
  • ရန်ကုန်ဈေးကွက်ရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် ဆန် တစ်တင်းခွဲအိတ် ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဖျာပုံပေါ်ဈေးဆန်း၊ ဒေးဒရဲပေါ်ဆန်းမွှေး တို့၏ စျေးတန်း မှာ ၂၀၂၅ခုနှစ်၊ မတ်လတွင် ၁၂၅,၀၀ဝိ/-ကျပ် ဝန်းကျင် ရှိနေပြီး ရွှေဘိုပေါ်ဆန်းကတော့ ၁၃၅,၀၀ဝိ/-ကျပ် ဝန်းကျင်၊ နှင့် ဆန်(ဧည့်မထ ၂၅%) ကတော့ ၆၅၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    ယခင်လ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ)နှင့် ယခုလ (၂၀၂၅ ခုနှစ်၊ မတ်လ)နှိုင်းယှဉ်ခြင်း 

    ၂၀၂၅ ခုနှစ်၊ မတ်လ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲ ပျမ်းမျှဈေးနှုန်းများကို လေ့လာ သော် ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လနှင့် ယှဉ်လျှင် ၆,၂၅ဝိ/-ကျပ် စျေးတက်လာတာကို တွေ့ရပါတယ်။ ဒေးဒရဲပေါ်ဆန်းမွှေး နှင့် မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး ဈေးနှုန်းမှာ ၄,၃၇ဝိ/-ကျပ် တက်လာနေပြီး ၊ဧည့်မထ ဈေးနှုန်းမှာ ၅,၁၂၅ိ/-ကျပ်ဖြင့် ဈေးကျနေတာကို တွေ့ရပါတယ်။   

    ၂၀၂၅ ခုနှစ် မတ်လ အတွင်း ဖြစ်ပေါ်ခဲ့သော ပေါ်ဆန်းမွှေး ဆန်စျေးနှုန်းများ 

    ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စျေးကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၅,၀၀ဝိ/-ကျပ်၊ မြောင်းမြစျေး ကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၀,၀၀ဝိ/-ကျပ်၊ ဖျာပုံစျေးကွက်တွင်ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၇,၀၀ဝိ/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတာကိုတွေ့ရပါတယ်။ 

      ဈေးကွက် သုံးသပ်ခန့်မှန်းချက် 

    ၂၀၂၅ ပထမ (၃) လအတွင်း ရန်ကုန် (ဝါးတန်း) စျေးကွက် မှာတော့ ပေါ်ဆန်းဆန်စျေးဆက်တိုက်ဆိုသလို တက်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့ထပ်တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။ 

    ကျေးဇူးတင်ပါတယ်။ 

    ထွက်တိုး 

    ----------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 

    ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး 


  • article
likes
5
comments
0
views
2354