cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိရာသီဥတုအခြေနေအရ မန္တလေးတိုင်းဒေသကြီး ငရုတ်စိုက်တောင်သူများအနေနဲ့ အရွက်သေးတဲ့ပြဿနာနဲ့ ကြုံတွေ့နေရနိုင်ပါတယ်။
  • ၂၀၂၅ မတ်လ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တွေမှာ မန္တလေးတိုင်းအရှေ့ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်။ လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။ ရက်ကြိုလည်းခန့်မှန်းပေးပြီးဖြစ်ပါတယ်။ မတ်လ ၂၄ရက်နေ့မှ ၂၉ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ပူပြင်းခြောက်သွေ့နိုင်ပါတယ်။ 

    Weather Source: Su Su San 

    • အရွက်သေးရတဲ့ အကြောင်းအရင်းကတော့ စုပ်စားပိုးအုပ်စုဝင် ဖြစ်တဲ့ ယင်ဖြူ၊ လှေး၊ ပျ ပိုးတွေကျရောက်ခြင်းကြောင့် ဖြစ်ပါတယ်။ 
    • စုပ်စားပိုးတွေက ဗိုင်းရပ်စ် ရောဂါပိုးတွေကို သယ်ဆောင်ပြီး တစ်ပင်ကနေ တစ်ပင်ပြန့်နှံ့စေ တဲ့အတွက် စုပ်စားပိုးများကိုနှိမ်နင်းမှ သာ ရွက်သေးတဲ့ ပြဿနာကိုလျှော့ကျနိုင်မှာဖြစ်ပါတယ်။ 
    • အရွက်သေးတွန့်လိမ်တဲ့ ပြဿနာကိုကာကွယ်နှိမ်နင်းဖို့အတွက် 
    • အရွက်သေးတွန့်လိမ်တဲ့လက္ခဏာပြတဲ့အပင်စတွေ့လျှင် ချက်ချင်းဖယ်ရှားရှင်းလင်းပါ။ 
    • ရောဂါကျအပင်များရှင်းလင်းပြီးမှ ပိုးသတ်ဆေးဖျန်းတာပိုထိရောက်ပါတယ်။ 
    • စိုက်ခင်းအစိုဓါတ်ရှိအောင်ထိန်းထားပေးပါ။ 
    • အပင်ပေါ်မှ ရေဖျန်းပေးတာမျိုးလုပ်ပေးပါ။ 
    • Spinosad, Spirotetramat, Dinotefuran စတဲ့ ပိုးသတ်ဆေးများကို တလှည့်စီဖျန်းပြီး စုပ်စားပိုးများကိုကာကွယ်နိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    မန္တလေးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် ငါး၊ ပုစွန်မွေးကန်များကို အပူချိန်တိုင်းတာပြီး အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပေးလိုက်ပါတယ်။ 

    • ငါးကန်ရေ၏ အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်းသာမိုမီတာဖြင့် တိုင်းတာပါ။ 
    •  ငါးကန်ရေ၏မျက်နှာပြင်မှာ ရေအပူချိန်တိုင်း သာမိုမီတာကို (၅)မိနစ်ခန့်စိမ်ထားပြီး မှ ရေအပူချိန်တိုင်း သာမိုမီတာ၏ ပြသောအမှတ်ကို ရယူပါ။ (ကန်ရေအတွင်းမှ ထုတ်ပြီး မှပြသောအမှတ်အသားကို မယူပါနဲ့။ ကန်ရေအတွင်းမှထုတ်ပြီးမှ ရရှိတဲ့ သာမိုမီတာအမှတ်ဟာ ပြင်ပ အပူချိန်နှင့် လေတို့ကြောင့်ပြောင်းလဲတတ်ပါတယ်။) 
    • ငါးကန်တစ်ခု အပူချိန်ဟာ ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်အတွင်းရှိရပါမယ်။ 
    • ကန်ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက ရေကို ထည့်ဖြည့်ပေးပါ။ 
    • ရေအနက်ကို အနည်းဆုံး ၅ ပေခွဲ - ၆ ပေ ထားရှိရပါမယ်။ 
    • အစာကို လျော့ကျွေးပါ။  

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
6557