cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
လက်ရှိမရိတ်သိမ်းရသေးသော အဓိကနယူးဧရာစပါးမျိုးတွေမှာ ဆိုးရွားစွာကျနေတဲ့ဂုတ်ကျိုးရောဂါနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုက်ပါတယ်။
  • ၂၀၂၅ ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီတိုင်း ၁ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ မတ်လပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပါတယ်။ 

    ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ၃ ပေမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။ 

    Source: မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက် 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    •  လက်ရှိမရိတ်သိမ်းရသေးသော အဓိကနယူးဧရာစပါးမျိုးတွေမှာ ဆိုးရွားစွာကျနေတဲ့ဂုတ်ကျိုးရောဂါနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုက်ပါတယ်။ 
    • အနှံစုံချိန်မှ အနှံတွေကျိုးကျလာတာကိုတွေ့ရပါက ဆေးဖျန်းလို့မမှီတော့တာကို သတိပြုရပါမယ်။ 
    • စပါးအနှံမစုံသေးတဲ့စပါးခင်းများအနေဖြင့် ထိုအခြေအနေသို့မရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းပါ။ 
    • ရောဂါပြန့်နှံ့လာပါက Isoprothiolane 20% ၃၀ စီစီ/ ၂၀ လီတာနှုန်းနဲ့ ဖျန်းပေးနိုင်ပါတယ်။ 
    • နောက်ရာသီတွင် ဂုတ်ကျိုးကျခဲ့သောစပါးခင်းမှမျိုးကိုလုံးဝပြန်မစိုက်ပါနဲ့။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    မတ်လနှင့် ဧပြီလများတွင် ပြင်ပအပူချိန်သည် ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်းရှိနေသဖြင့် ငါးမွေးကန်၏ရေအပူချိန်သည်လည်း ၃၂ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ပါသည်။ 

    • ကန်ရေထဲတွင် အနယ် အနှစ်များ အမှုန်များ ရှိနေပါက အဆိုပါ အနယ်အနှစ် များနှင့် အမှုန်များသည် ကန်ရေ၏အပူချိန်ကို မြင့်မားစေနိုင်သည်ကို သတိပြုပါ။ 
    • အစိမ်းနုရောင်ရေအလွှာသည် အပူကာအဖြစ် ဟန့်တားထားသဖြင့် ကန်ရေ ဩဇာဓာတ်ရရှိစေရန် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။ 
    • ကန်ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက ရေကို ထည့်ဖြည့်ပေးပါ။ ရေအနက်ကို အနည်းဆုံး ၅ ပေခွဲ - ၆ ပေ ထားရှိရပါမယ်။ 
    • ပုံမှန်မဟုတ်သော လက္ခဏာများ - ( ငါး၊ ပုစွန် အသေများတွေ့ရှိခြင်း။ ရေညှိဖတ်များ ရေတွင် မျှောနေသည်ကိုတွေ့ရခြင်း။ ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ)။ ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း) များကို အမြဲစစ်ဆေးပေးပါ။ 

    ငါးမွေးမြူရေးအတွက် အကြံပြုချက်များ ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည် 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
9
comments
0
views
6833