ခရမ်းချဉ်သီး ပန်ထွေဖျော်
ခရမ်းချဉ်သီးထောင်း
ကျနော်တို့ အထက်အညာ ရွှေဘိုနယ်အခေါ်
ပန်ထွေဖျော်..
ဘယ်လိုချက်ကြလဲ?
ကျနော်ကတော့ ခရမ်းချဉ်သီး
ရင့်ပြီး မှည့်နေတာကိုသုံးတယ်
ရေနဲ့ပြုတ်တာထက် မီးနဲ့ဖုတ်တာ ပိုကြိုက်တယ်
မီးနဲ့ဖုတ်တဲ့နေရာမှာ
ကင်တာမကြိုက်ဘူး
မီးကျည်းမှာ ခရမ်းချဉ်သီး ထည့်ဖုတ်မှ ကြိုက်ပါတယ်။
မပေါက်မပြဲ မီးထဲမှာ လှည့်တတ်ဖို့က
သဘာ လိုပါတယ်။
တော်ရုံစကေးနဲ့ မရပါဘူး
ခရမ်းချဉ်သီး မီးမကျွမ်းပဲ အခွံကျွမ်းရင်
မီးဖိုက ဆယ်ပါတယ်။
ခရမ်းချဉ်သီး အိ မအိ က မျက်စေ့ စကေးနဲ့ ဆုံးဖြတ်ရပါတယ်
ပြီးရင် ငရုတ်ဆုံမှာ ဆားထည့်ပြီး
ထောင်းပါတယ်။
စဉ့်ငရုတ်ဆုံ က အသင့်တော်ဆုံးပါ
မဖိတ်မစင် ကြေအောင်ထောင်းရပါတယ်
သူ့မှာထည့်ဖို့ ငရုတ်သီးကြော်ကလဲ
ငရုတ်သီးခြေက်တောင့်ကို ကြော်ပြီး
ထောင်းထားရပါမယ်။
မွှေးပြီး ကြွပ်ရွနေဖို့ လိုပါတယ်
ငရုတ်သီးကြော် ကြက်သွန်မြိတ်
နံနံမိတ် အသင့်အတင့် ရောထည့်ပါတယ်
အငံလိုရင် အငံပိုထည့်
(အများစုက ငံပြာရည် သုံးတယ်
ကျနော်က ဆားပဲကြိုက်တယ်)
အစပ်လိုရင် အစပ်ပိုထည့်
ပြီးရင် ဆီလောင်း
ဒါဆိုစားလို့ရပါပြီ။
ကျနော်ကတော့
ပန်ထွေဖျော် ငါးခြောက်ဖုတ်
ခရမ်းသီး ဖုတ်သုတ်ကြော်
မြေပဲဆံ ကြော်
ဆိုတဲ့ ဟင်းစပ်ကို အခုလို ဆောင်းအခါမှာ
စားရတာ သိပ်ကြိုက်ပါတယ်။
May Kachin-ဒို့ရိုးရာယက်ကန်းလုပ်ငန်း မှ ကူးယူဖော်ပြပါသည်။
--------------
ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


NewsFeed
Communities
Explore
Inbox
Me
Market Price