တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- (၁၇. ၃. ၂၀၂၅ မှ ၂၁.၃ ၂၀၂၅) - ပြောင်း - ပြောင်းကတော့ စျေးကွက် အတက်ဘက်ကို ရောက်လာနေတယ်လို့သိရပါတယ်။ ပြောင်းအထွက် နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ် တယ်လို့ သိရပါတယ်။ - ထိုင်းဝယ်လက်တွေကတော့ ဧရာဝတီပြောင်းကို ပိုပြီးဝယ်လိုအားကောင်းနေပါတယ်။ ပြောင်းဆံကို ထိုင်းနဲ့အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၆၉၀ ကျပ်ရှိပါတယ်။ ကုန်ချိန်ပမာဏများများရောင်းချမယ်ဆိုရင်တော့ ၁၇၃၀ ကျပ်လောက်အထိ စျေးရနေပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းက အတက်စျေးတန်းမှာ ငြိမ်နေပေမယ့် အရောင်းအဝယ်တော့ သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်း နေတာဖြစ်ပါတယ်။ တောင်သူတွေက သိုလှောင်မှု နည်းပြီး ရောင်းလိုအားများနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေပြီး ပဲတီစိမ်း အညာကလည်း အရင်တစ်ပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာ ဈေးငြိမ်နေတာဖြစ်ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်ရှိပါတယ်။ - မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အထက်မှာပဲ စျေးတန်းရှိနေပါတယ်။ အိန္ဒိယအစိုးရဘက်က အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပြီးနောက်မှာ စျေးထပ်မတက်လာပေမယ့်လည်း သိန်း ၃၀ ကျပ်စျေးတန်းအောက်ကို ကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၃၀ အပေါ်မှာပဲ အတက်အကျရှိနေတာ ဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ)တစ်တန်ကို ၃၀၁၇၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၀၆၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၁၅၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၁၁၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၁၁၀၀၀ ကျပ်ရှိပါတယ်။ ခုတစ်ပတ်မှာ ၃၀၀၀၀ လောက်ကျပါတယ်။ - မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်ရှိပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ဈေးတန်းပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃၀၅၅၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။ - စျေးတန်းအေးပေမယ့် အိန္ဒိယက ပဲစင်းငုံအဝယ်ပုံမှန်ရှိပြီး လှောင်လက်သမားတွေလည်း အဝယ်ရှိနေ ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့ကနေ သောကြာအထိမှာ ၂၉၈၀၀၀၀ ကျပ်သာရှိပါတယ်။ - မန္တလေးဈေးကွက်မှာ ခုတစ်ပတ်မှာ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၈၀၀၀ မှ ၂၇၉၀၀၀ ကျပ်ရှိပါတယ်။ - ကြက်သွန်နီ - ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အဝင်နည်းပေမယ့် ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်း ဝယ်လိုအား နည်းပြီး ရောင်းအားများနေတာကြောင့် ဈေးတွေက ဆက်တိုက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခွဲ ပတ်ချာလည် အဝင်ရှိနေပါတယ်။ - ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊ မြစ်သားတို့က တစ်ပိဿာကို ၁၆၀၀ မှ ၂၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။ ရက် ၂၀ အတွင်း တစ်ပိဿာကို ၃၀၀ မှ ၈၀၀ ကြား ဈေးကျဆင်းသွားပါတယ်။ - ကြက်သွန်ဖြူ - ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။ - ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၀၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပြီး ကြူကုတ်ကလည်း တစ်ပိဿာကို ၁၃၀၀၀ မှ ၁၃၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ - မတ်လ အစနဲ့ ယှဉ်ရင်တော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကျော်လောက် ဈေးတက်လာပါတယ်။ - (AMIA) - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
