ငါးကန်ဘေးမှာ အပင်စိုက်ဖို့ တွေးမိနေပြီ ဆိုရင်တော့.....
ငါးနဲ့စပါး တွဲပြီး စိုက်ကြတာတော့ တောင်သူတော်တော်များများ သိကြပါတယ်. နောက်တနည်းအားဖြင့် ငါးကန်ဘေးမှာ ငှက်ပျော အုန်းပင်လို အရိပ်ရပင်တွေလည်း စိုက်ကြတာ တွေ့ရမှာပါ .. ဒါဆိုရင် ငါးကန်ဘေးမှာ အိမ်ခြံဝန်း သီးနှံရော မစိုက်ကြဘူးလား ဆိုတော့ စိုက်ကြပါတယ်.
ငါးကန်ဘေး အပင် စိုက်မယ်တွေးမိရင်တော့
၁။ အပင်အမြစ်က ငါးကန်ရဲ့ဘောင်တွေကို ပျက်စီးစေနိုင်တဲ့ အပင်မျိုးကိုမရွေးပဲ မြေသားကို ပိုမိုကျစ်လစ်စေနိုင်မဲ့ အပင်မျိုးရွေးပါ။
၂။ အရွက် ကြွေနည်းတဲ့ အပင်မျိုးရွေးပါ။ ကြွေကျလာတဲ့ အရွက်ကနေ ရေညှိ အမှိုက်တွေ ဖြစ်ပြီး ရေ အရည်သွေး ထိခိုက်စေနိုင်ပါတယ်။
၃။ အကွာအဝေး ကို ဂရုစိုက်ပါ။
၄။ အပင်ရဲ့ အရိပ်ကျရောက်မှု့ကို တွက်ချက်ပါ။ အပင်အရိပ်တွေကနေ ငါးတွေ အတွက် အကျိုးပြုစေနိုင်ပေမဲ့ အရိပ်အရမ်းများတဲ့ အခါမှာလည်း ရေမှာပေါက်တဲ့အပင်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။
၅။ ဟင်းသီးဟင်းရွက် စိုက်မယ်ဆိုရင်တော့ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် ရှိတဲ့ မျိုးကိုရွေးချယ်ပါ။
၆။ သဘာဝ ပိုးသတ်ဆေး မှိုသတ်ဆေးများသာ အသုံးပြုသင့်ပါတယ်။
၇။ ငါးမွေးကန်ရဲ့ ရေ ဟာလည်း အာဟာရဓာတ်တွေ ပါဝင်တဲ့ အတွက် ဓာတ်မြေဩဇာ သုံးတာကိုလျော့ချပါ။
အကယ်၍ အိမ်ခြံဝန်း သီးနှံ စိုက်မယ်ဆိုရင်တော့ ခရမ်း၊ ခရမ်းချဥ်၊ ရုံးပတီ၊ ချဥ်ပေါင်၊ ဆူးပုတ်၊ ကင်းပွန်းချဥ်၊ ခွေးတောက်ပင်၊ ဖရုံပင်၊ ဘူးသီး၊ သခွား၊ ပဲတိုင်ထောင်၊ ရွက်စားသီးနှံ၊ ကန်စွန်းဥ စသဖြင့် စိုက်ပျိုး သင့်ပါတယ်။
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857





NewsFeed
Communities
Explore
Inbox
Me
Market Price