cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
စပါးသိုလှောင်ဖို့အတွက် ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။ အစိုဓါတ်သည် ( ၁၀- ၁၂%)ခန့် သာရှိရပါမယ်။
  • ၂၀၂၅မတ်လ ၂၄ရက်နေ့မှ ၃၁ရက်နေ့အတွင်း ရန်ကုန်တိုင်းမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာစေနိုင်ပါတယ်။ 

    Weather Source: Su Su San 

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက် 

    • ရိတ်သိမ်းပြီး အခြောက်လှန်းနေသောစပါးများအတွက် အကြံပြုချက် - 
    • စပါးအခြောက်လှန်းသည့်အခါ နေပူထဲတွင် (၂-၃ ရက်ခန့်)လှန်းပါ။ နာရီဝက်တစ်ခါ အထက်အောက်လှန်ပေးပါ။ 
    • စပါးသိုလှောင်ဖို့အတွက် ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။  အစိုဓါတ်သည် ( ၁၀- ၁၂%)ခန့် သာရှိရပါမယ်။ 
    • စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံတာပေါ်လင်စများအောက်တွင် လုံခြုံစွာထားရှိပါ။ 
    • စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ငါး/ပုစွန်မွေးမြူရေးတွင် ငါးစာလိုအပ်ချက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ 

    အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။  

    - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၄၂ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။  

    - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။ 

    - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။ 

    - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။ 

    - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။  

    - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။  

    - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
6735