cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဆီးချိုရှိသူတွေ ကြံရည်သောက်လို့ရလား

. Health Articles
ဆီးချိုသမားတွေကြံရည်သောက်လို့ရလားဆိုတော့ အများကြီးသောက်လို့တော့မရဘူးပေါ့။ နည်းနည်းတော့သောက်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကြံရည်က သဘာဝအချိုဖြစ်ပြီး ပြုပြင်ထားတဲ့အချိုမဟုတ်လို့ပါ။
  • ဆီးချိုရောဂါ အရင်ကထက်ပိုကြားလာရတဲ့ရောဂါတစ်ခုပေါ့။ အရင်က မသိတာကြောင့်ဖြစ်နိုင်သလို ဆီးချိုဖြစ်တဲ့အရေအတွက်က အခုလောက်မများတာတော့အမှန်ပါ။ အခုနောက်ပိုင်းကနေထိုင်မှုပုံစံ၊ စားသောက်မှုအလေ့အထေကြာင့်ဆီးချိုဖြစ်ပွားမှုနှုန်းက ကမ္ဘာပေါ်မှာတော်ေ်တာ်လေးများလာနေပါတယ်နော်။ ဆီးချိုဖြစ်တာက မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်သလို စိတ်ဖိစီးမှုများတာ၊ စားသောက်မှုနဲ့နေထိုင်မှုအလေ့အထကြောင့်လည်းဖြစ်ကြတာပါ။ လူတော်တော်များများ အလွယ်တကူလက်ခံထားမိတာက အချိုစားတာများလို့ ဆီးချိုဖြစ်ရတယ်ပေါ့။ ဒီတော့တွေးလိုက်မိတာက ဆီးချိုရှိရင် အချိုမစားရတော့ဘူးပေါ့။ ဒါဆို အခုလိုနွေပူပူလေးမှာ ရင်အေးစေမယ့် ကြံရည်လေးကောသောက်လို့ရပါ့မလားပေါ့။ ဒီဆောင်းပါးလေးကနေဖြေပေးမယ်နော်။

    ဆီးချို နဲ့ ကြံရည်

    ဆီးချိုသမားတွေကြံရည်သောက်လို့ရလားဆိုတော့ အများကြီးသောက်လို့တော့မရဘူးပေါ့။ နည်းနည်းတော့သောက်လို့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကြံရည်က သဘာဝအချိုဖြစ်ပြီး ပြုပြင်ထားတဲ့အချိုမဟုတ်လို့ပါ။ အချိုရည်တွေသာက်မှာထက်တော့ ကြံရည်သောက်လိုက်တာက အဆင်ပြေဆုံးဖြစ်မှာပါ။ ကံရည်က သာမန်လူတွေမှာဆိုရင်သွေးတွင်းသကြားဓါတ်ကိုတောင် ထိန်းညှိပေးနိုင်ပါသေးတယ်နော်။ မသောက်ခင်မှာသွေးချိုစစ်ကြည့်ဖို့လိုသလို ဆရာဝန်နဲ့လည်းသေချာတိုင်ပင်ကြည့်ဖို့လည်း တိုက်တွန်းပါရစေနော်။

    ကြံရည်ကချိုတယ်ဆိုပေမယ့် ဆီးချိုသမားတွေအနေနဲ့ အတန်အသင့်သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့အချက်လေးတွေရှိပါတယ်နော်။ ကြံရည်ကကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကိုကျန်းမာစေပြီး၊ အားပြည့်စေသလို၊ သွားပိုးမစားအောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုကောင်းစေပြီး အိပ်ပျော်စေတဲ့အပြင် ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးပြီး ဝမ်းမှန်စေနိုင်ပါသေးတယ်နော်။

    ကြံရည်ကိုဖြစ်စေတဲ့ ကြံမှာfructose ၅၀ ရာခိုင်နှုန်းပါဝင်ပြီး ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ သဘာဝအချိုဓါတ်တစ်မျိုးပါ။ အမြဲတော့ မသောက်ဖို့ပြောချင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ် အများဆုံး နှစ်ကြိမ်လောက်တော့ အတန်အသင့်သောက်ပေးလို့ရပါတယ်။လေ့လာမှုတွေအရကတော့ ကြံရည်သောက်ပေးတာက ဆီးချိုရောဂါရှိသူတွေမှာ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

    • ခန္ဓါကိုယ်ကို အားပြည့်စေနိုင်ပါတယ်။
    • ကိုယ်ခံအားကောင်းစေတယ်။
    • ကျောက်ကပ်ကျန်းမာစေနိုင်တယ်။
    • ကျောက်ကပ်မှာကျောက်တည်တာကို သက်သာစေနိုင်တယ်။
    • ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ပေးတယ်။
    • သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။
    • အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်။
    • ဝမ်းမှန်စေနိုင်တယ်။
    • အိပ်ပျော်စေတယ်။
    • အသားအရေကို ကျန်းမာစေနိုင်တယ်။
    • သွေးစီးဆင်းမှုကိုကောင်းမွန်စေလို့ အင်ဆူလင်စုပ်ယူနိုင်စွမ်းကိုကောင်းစေနိုင်ပါတယ်။
    • ပိုတက်ဆီယမ်ပါဝင်တာကြောင့်သွေးတိုးကျစေနိုင်ပြီး ရုတ်တရက်နှလုံးရပ်တာနဲ့ လေဖြတ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
    • ပုံမှန်ကိုယ်အလေးချိန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ပါတယ်။
    • အူတွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးပွားစေပြီး အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။

    အရာရာက တန်ဆေးလွန်ဘေးဆိုသလိုပေါ့။ ဆီးချိုရှိတာနဲ့ အချိုလုံးဝမစားဘဲနေဖို့တော့မလိုပါဘူး။ အတန်အသင့်လေးတော့စားပေးရပါမယ်။ ခန္ဓါကိုယ်ကျန်းမာဖို့နဲ့အားအင်ပြည့်နေဖို့ အချိုဓါတ်က လိုအပ်တဲ့ဓါတ်တစ်ခုဖြစ်တာကြောင့် အတန်အသင့်တော့စားပေးပါ။ အချုပ်အနေနဲ့ပြောချင်တာကတော့ သဘာဝအချိုဓါတ်စစ်စစ်က ဆီးချိုသမားတွေနဲ့ သင့်တော်ပါတယ်။ ဒါကြောင့် သဘာဝကြံရည်ချိုချိုလေးကို နည်းနည်းလောက်တော့သောက်လို့ရပါတယ်နော်။

    Hello Health Group မှ ကူးယူဖော်ပြပါသည်။

    -------------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
10
comments
0
views
1008