ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
. Weather News
ပဲခူးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် ငါး၊ ပုစွန်မွေးကန်များကို အပူချိန်တိုင်းတာပြီး အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပေးလိုက်ပါတယ်။
- ၂၀၂၅ မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အတွင်း ပဲခူးတိုင်းဒေသတွေမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရဘဲ ရာသီဥတုကြည်လင်သာယာစေနိုင်ပါတယ်။ - Weather Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပဲခူးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် ငါး၊ ပုစွန်မွေးကန်များကို အပူချိန်တိုင်းတာပြီး အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပေးလိုက်ပါတယ်။ - ငါးကန်ရေ၏ အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်းသာမိုမီတာဖြင့် တိုင်းတာပါ။
- ငါးကန်ရေ၏မျက်နှာပြင်မှာ ရေအပူချိန်တိုင်း သာမိုမီတာကို (၅)မိနစ်ခန့်စိမ်ထားပြီး မှ ရေအပူချိန်တိုင်း သာမိုမီတာ၏ ပြသောအမှတ်ကို ရယူပါ။ (ကန်ရေအတွင်းမှ ထုတ်ပြီး မှပြသောအမှတ်အသားကို မယူပါနဲ့။ ကန်ရေအတွင်းမှထုတ်ပြီးမှ ရရှိတဲ့ သာမိုမီတာအမှတ်ဟာ ပြင်ပ အပူချိန်နှင့် လေတို့ကြောင့်ပြောင်းလဲတတ်ပါတယ်။)
- ငါးကန်တစ်ခု အပူချိန်ဟာ ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်အတွင်းရှိရပါမယ်။
- ကန်ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက ရေကို ထည့်ဖြည့်ပေးပါ။
- ရေအနက်ကို အနည်းဆုံး ၅ ပေခွဲ - ၆ ပေ ထားရှိရပါမယ်။
- အစာကို လျော့ကျွေးပါ။
 - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
7
0
3490

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
