cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အရမ်းကိုမှ ရိုးရှင်းပြီး လုပ်ရလွယ်တဲ့ ဒူးရင်းယိုလုပ်စားကြည့်ရအောင်

. Value Added Products
ညိုလာလျှင် ရေအနည်းငယ်ထည့်ပြီး အသားနွှင်ထားသော ဒူးရင်းသီးများထည့်၍ အဆက်မပြတ်မွှေပါ။ ရေခမ်းခါနီးလျှင် ဆီ ၃ ဇွန်းကိုထည့်ပြီး အိုးမကပ်တော့တဲ့အထိ အဆက်မပြတ်မွှေပေးပါ။
  • article
  • ပါ၀င်ပစ္စည်းများ - 

    ၁ ။ အသားထူထူ (သို့)  အသားပေါသည့်ဒူးရင်းသီးတစ်လုံး  

    ၂ ။ ပဲဆီ (သို့ )နေကြာဆီ  ( သို့) ထောပတ်ဆီ  

    ၃ ။ သကြား ၃ ဇွန်းခန့် ၊ အချိုကြိုက်တဲ့သူတွေကပိုထည့်ပါ။ အသီးအချိုပေါ်မူတည်ပြီး သကြားလိုအပ် ကို ထည့်ပါ 

    ၄ ။ ဆား လက်ဖက်ရည်ဇွန်း အနည်းငယ် 

    ၅ ။ ဟင်းနံ့ မနံ စေရန် ယိုထိုးမည်အိုး အား တတ်နိုင်လျှင် အသစ် သုံးပါ။ သေချာ အခြောက်ခံ သန့်စင်ပါ။ 

    ပြုလုပ်နည်း  

    ပထမဆုံး သကြား ၃ ဇွန်းကို ရေနည်းနည်းထည့်ပြီး အိုးကပ်တဲ့အထိ ကျိုပါ။ 

    ညိုလာလျှင် ရေအနည်းငယ်ထည့်ပြီး အသားနွှင်ထားသော ဒူးရင်းသီးများထည့်၍ အဆက်မပြတ်မွှေပါ။ 

    ရေခမ်းခါနီးလျှင် ဆီ ၃ ဇွန်းကိုထည့်ပြီး အိုးမကပ်တော့တဲ့အထိ အဆက်မပြတ်မွှေပေးပါ။ အိုးမကပ်စေရန်ဆီကို ခဏ ခဏ ထည့်ပါ။ ထောပတ်ဆီ ထည့်လျှင် ဒူးရင်းသီးအနံ့ ပျောက်တတ်ပါသည်။ ဒူးရင်းသီးအနံ့မကြိုက်သော မိတ်ဆွေများ လက်ဆောင်ပေးလိုလျှင် ထောပတ်ဆီသုံးပါ။ 

    မိမိ စိတ်ကြိုက် အပျော့အမာ အနေအထားရောက်လျှင် ဆီ ခပ်ဝင်းဝင်း အိအိလေး နှင့်ထား ၍ မီးဖိုမှ ချအအေးခံပါ။ 

    ပြီးလျှင်မိမိ စိတ်တိုင်းကျ စားသုံးနိုင်ပါပြီ....... 

    မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။ 

     ---------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


likes
6
comments
0
views
1952