အချိုရည်နေ့စဉ်သောက်သည့် အမျိုးသမီးများ ခံတွင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင်ဟုဆို
- အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ သကြားဓာတ်ပါ အချိုရည်ကို အနည်းဆုံးတစ်နေ့တစ်ဘူးသောက်သုံးသူအမျိုးသမီးများ၌ ခံတွင်းကင်ဆာဖြစ်နိုင်ခြေပုံမှန်ထက် ၅ ဆခန့် ပိုမြင့်မားနေပြီးလေ့လာတွေ့ရှိချက်တွေအရ ခံတွင်းကင်ဆာရောဂါဖြစ်စဉ် ၁၀၀,၀၀၀ လျှင် ၃ ခုမှာ သကြားဓာတ်ပါ အချိုရည်များနေ့စဉ်သောက်သုံးမှုနှင့် ဆက်စပ်နေတာကိုတွေ့ရတယ်လို့လည်း သိရပါတယ်။ - အဆိုပါ လေ့လာတွေ့ရှိချက်ဟာ အမျိုးသမီး ၁၆၃,၀၀၀ တို့၏ ဘဝနေထိုင်မှုပုံစံများနှင့် ကျန်းမာရေးမှတ်တမ်းများကို နှိုင်းယှဉ်လေ့လာခဲ့ပြီးနောက် တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ - ခံတွင်းကင်ဆာရောဂါဟာဆေးလိပ်၊ အရက်နှင့် ကွမ်းစားသုံးတတ်သည့် သက်ကြီးပိုင်းများ၌ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်းက ဆေးလိပ်၊ အရက်သောက်သုံးမှုမရှိသည့် လူငယ်များကြားခံတွင်းကင်ဆာဖြစ်ပွားမှုနှုန်းမြင့်တက်လာကြောင်းလည်း သုတေသနပညာရှင်များက ဆိုထားပါတယ်။ - Myanmar Future News မှ ကူးယူဖော်ပြပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
