ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတုကောင်းမွန်ကြည်လင်သာယာနိုင်ပါတယ်။ - Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - - အခုအချိန်ဟာ ရာသီဥတုပူပြင်တဲ့အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။ ငါးရောဂါအဖြစ်များပြီး အသေအပျောက်များတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ - - ငါးတွေ အောက်ဆီဂျင်ပြတ်လပ်မှုကို ခံစားရနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်။ - - အပူချိန်ကြောင့် ငါးကန်အောက်ခြေမှ ပစ္စည်းတွေ ပုပ်သိုးတာ၊ အစာကြွင်း၊ အစာကျန်တွေ ပုပ်သိုးတာတွေ ပိုဖြစ်ပြီး ငါးတွေကို ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။ - - ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းဖြင့် မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ အနေအထားတွေ လုပ်ထားရမှာဖြစ်ပါတယ်။ - - ငါးကန်အပူချိန်ကို အမြဲတိုင်းတာပြီး ၃၅°Cထက် မပိုစေအောင် လုပ်ဆောင် ပေးရပါလိမ့်မယ်။ - - ရေကိုလည်း တစ်လတစ်ကြိမ်ခန့် လဲလှယ်ပေးခြင်းဖြင့် အောက်စီဂျင် ပြတ်လပ်မှုနဲ့ ငါးတွေရောဂါဖြစ်ပွါး ခြင်းများကို ကာကွယ်ပေးပါလိမ့်မယ်။ - - အစာတွေကိုလည်း ချင့်ချိန်ပြီး ကျွေးရမယ့် ကာလဖြစ်ပါတယ်။ - - ငါးကန်အောက်ခြေမှာရှိတဲ့ ပစ္စည်းတွေနဲ့ အစာကြွင်းအစာကျန်တွေ ပုပ်သိုးတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးကြရမှာဖြစ်ပါတယ်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
