cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါး၊ ပုစွန်များ အဆီဓာတ်တိုးပြီး ဆီးချေးနံ့ကြောင့်ပျက်စီးခြင်း

. Fish Articles
ကိုယ်တွင်း ပျက်စီးမှုများတွင် ငါး၊ ပုစွန်ကုန်ကြမ်း/ကုန်ချော တို့တွင် အောက်ပါ အရည် အသွေးမကောင်းသည့် လက္ခဏာများ တွေ့ရှိရပါမည်။
  • (၁) ငါးပုစွန်တွင်ပါသော ဆီများသည် ဆီကျဲမျိုးဖြစ်သည်။

    (၂) လေ၊ အလင်းရောင်၊ အပူဓာတ်၊ ဆားတို့နှင့် အဆီတွေ့လျှင် အချိန်ကြာလျှင် ဆီချေးနံ့ ထွက်လာပါသည်။

    (၃) အဆီဓါတ်ကိုလျှော့နည်းစေရန် ဗိုက်ခွဲ အူထုတ်ပြီး ဗိုက်သားလှီးဖြတ်ထုတ်ရန်လိုပါသည်။

            အချုပ်အားဖြင့် ကိုယ်တွင်း ပျက်စီးမှုများတွင် ငါး၊ ပုစွန်ကုန်ကြမ်း/ကုန်ချော တို့တွင် အောက်ပါ အရည် အသွေးမကောင်းသည့် လက္ခဏာများ တွေ့ရှိရပါမည်။

    (၁) အရောင်ပြောင်းလဲခြင်း

    (၂) အနံ့ဆိုးများထွက်ခြင်း

    (၃) အရသာမကောင်းခြင်း

    (၄) အသားပျော့လာတတ်ခြင်း

    (၅) အကျိ အချွဲ ပေါ်လာခြင်း

    (၆) အလေးချိန် လျှော့လာခြင်း

    (၇) ကိုယ်ခန္ဓာ ရုပ်အနေအထားပျက်စီးလာခြင်းတို့ဖြစ်ပါသည်။

    ငါးလတ်ဆတ်မှု လက္ခဏာများ

    (၁) ကိုယ်ခန္ဓာအနေအထား တောင့်တင်းမာကျောမှု့ရှိခြင်း

    (၂) အကြေးခွံ (သို့မဟုတ်)အရေပြားသည် မူလ အရောင်အဆင်းအတိုင်းရှိနေခြင်း

    (၃) အကျိ အချွဲ ပါးပါးလွှာလွှာအုပ်လျက် အနေအထားရှိခြင်း

    (၄) ပါးဟပ်မှ သွေးပုတ်များ ယိုစီး ထွက်လာခြင်း မရှိခြင်း

    (၅) မျက်စေ့အိမ်အတွင်းမှ မျက်စေ့ပြူထွက်နေခြင်း

    (၆) မျက်စေ့အလုံးအဝိုင်း တင်းပြောင်နေခြင်း

    (၇) သူငယ်အိမ်နှင့် မျက်ကြည်လွှာ မူလအရောင် မပျက်ခြင်း

    (၈) ပါးဟပ်တန်နှင့်ပါးဟက်မျှင်များ နီရဲနေခြင်း

    (၉) ပါးဟပ်တန်နှင့် ပါးဟက်မျှင်ပေါ်တွင် အကျိအချွဲ ပါးပါးလွှာလွှာအုပ်နေခြင်း

    (၁၀) ပါးဟပ်တန်နှင့် ပါးဟက်မျှင်မှ အနံ့မထွက်ခြင်း

    (၁၁) ပါးဟပ်တန်နှင့် ပါးဟက်မျှင် စေးထန်းကြမ်းထော်လာမှု့ မရှိခြင်း

    (၁၂) အသားမာကျောပြီး လက်နှင့်ဖိကြည့်လျှင် လက်ရာထင်ကျန်မှု မရှိခြင်း

    (၁၃) အသား အပုတ်နံ့မထွက်သေးခြင်း

    (၁၄) အသားပိုင်းဖြတ်လေ့လာပါက အသားထုတ်မပျက်စီးသေးခြင်း

    (၁၅) အသားနီရဲပြီး၊ သွေဝင်မှု့အခြေအနေမရောက်သေးခြင်း

    (၁၆) ဝမ်းဗိုက်သား အထူး မပျော့သေးခြင်း

    (၁၇) ကိုယ်တွင် အစာအိမ်လမ်းကြောင်း ပုံစံမျပက်ရှိနေသေးခြင်း

    (၁၈) ကိုယ်တွင် အစာအိမလမ်းကြောင်း မှ အနံမထွက်သေးခြင်း

    ငါး ပုစွန်များကို အအေးဓာတ်ဖြင့် မပျက်စီးအောင်ကာကွယ်ခြင်း

    - ရေ နေသတ္တဝါနှင့် ငါး ပုစွန်များကို အအေးဓါတ်ပေးပြီး မပျက်စီးအောင်ကာကွယ်ခြင်း

       (ရေ ခဲ ရိုက်ခြင်း ၊ ရေခဲ ရေအေးစိမ်ခြင်း နှင့် အေးခဲ ငါးတုံးပြုလုပ်ခြင်း)

    - အပူပေးပြီး မပျက်စီးအောင်ကာကွယ်ခြင်း

       ( ငါးသေတ္တာ ၊ ငါးကြော် ၊ ငါးပေါင်း ၊ငါးကင်)

    - ရေငွေ့ထုတ်ပြီးတာရှည်အောင် စီမံခြင်း

       ( ငါးခြောက် ၊ ပုစွန်ခြောက်)

    - ဆားဖြင့် တာရှည်အောင်ပြုလုပ်ခြင်း

     ( ငါးဆားနယ် ၊ ငပိ )

    U San Aung ( Htwet Toe)

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
5
comments
0
views
2861