ကပ်ပါးပိုးကြောင့် ငါးရောဂါများအကြောင်း
- ကပ်ပါးပိုးကျကြောင့် ကျရောက်တဲ့ ငါးရောဂါတွေရှိပါတယ် အဲဒါတွေကတော့ - (၁) Ich (Ichthyophthirius multifiliis) အဖြူအရောင်အစက်အပျောက်ရောဂါ - ဒီရောဂါဟာ ငါးရဲ့ အရေပြား၊ ပါးဟပ်နဲ့ ဆူးတောင်တွေမှာ အဖြူရောင် အစက်အပျောက်တွေ တွေ့ရမှာဖြစ်ပါတယ်။ - ကုသနည်း - ရေအပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ်အထိ တစ်ပတ် သို့မဟုတ် (၁၀) ရက်ထားခြင်းဖြင့် ကုသလို့ရပါတယ်။ - (၂) Velvet (Piscinoodinium pillulare) ရွှေရောင် ဂျေးတက်ရောဂါ - ဒီရောဂါဖြစ်ပြီဆိုရင်တော့ ရွှေရောင်နုနုဂျေးတက်နေတဲ့အလွှာကို ငါးရဲ့ အရေပြားမှာ တွေ့ရနိုင်ပါတယ်။ - ကုသနည်း - ကြေးနီဓါတ်ပါတဲ့ ဆေးကိုထည့်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ - (၃) Gill Flukes (Dactylogyrus spp.) ပါးဟပ်ရောဂါ - ပါးဟပ်မှာ အဓိကကျရောက်ပြီး ပါးဟပ်ထဲမှာ သန်ကောင်အပြားတွေ ကျနေတက်ပါတယ်။ ဒီရောဂါ ကျနေတဲငါးဟာ အသက်ရှူကြပ်ပြီး ရောင်ယမ်းကာ ပါးဟပ်အရောင်ပျက်တက်ပါတယ်။ - ကုသနည်း - Praziquantel ပါတဲ့ ဆေးတစ်မျိုးမျိုးကို သုံးပေးလို့ရပါတယ် ခင်ဗျာ။ - (၄) Anchor Worms (Lernaea spp.) သန်ကောင်ရောဂါ - ဒီရောဂါကျပြီဆိုရင် ကျောက်ဆူးပုံ သန်ကောင်ဟာ ငါးရဲ့အရေပြားမှာ တွယ်ကပ်နေတက်ပြီး တွယ်ကပ်နေတဲ့နေရာမှာ အနီရောင်ဖြစ်နေတက်ပါတယ်။ - ကုသနည်း - APIR General CureR လိုဆေးတွေနဲ့ ကုသလို့ရပါတယ် ခင်ဗျာ။ - (၅) Fish Lice (Argulus spp.) ငါးသန်းရောဂါ - ကပ်ပါးကောင် ခပ်ပြားပြားလေးတွေဟာ ငါးရဲ့ အရေပြားမှာ တွယ်ကပ်နေတက်ပါတယ်။ - ကုသနည်း - Seachem ParaGuardTM လိုဆေးတွေနဲ့ ကုသလို့ရပါတယ် ခင်ဗျာ။ - ထွက်တိုး - Source:Fish Parasites 101: From Identification to Treatment - - Learn the Aquarium - ---------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သော အကြံအဉာဏ် ရယူရန် - ထွက်တိုးဆော့ဝဲလ် Download ရယူလိုက်ပါ - https://bit.ly/htwettoev2 - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
